မယ်​လိမ့်​လုံ စား​သောက်​ဆိုင်​ပိုင်​ရှင်​အား ပုဒ်​မ ၃၇၇ ဖြင့်​စွဲချက်​တင်​ အမိန့်​ချ

0
107

မတ်​ ၁၄
သော်​လင်းထက်

မယ့်​လုံစား​သောက်​ဆိုင်​တွင်​ဖြစ်​ပွားခဲ့သည့်​ အလိုမတူအဓမ္မပြုကျင့်မှုနှင့်​ပတ်​သက်​၍ ဆိုင်​ရှင်​ဖြစ်​သူအား ယ​နေ့​နေ့လည်​ပိုင်းတွင်​ ​တောင်​ဥက္ကလာပမြို့နယ်​တရားရုံးမှ ရာဇသတ်​ကြီးပုဒ်​မ ၃၇၇ဖြင့်​စွဲချက်​တင်​အမိန့်​ချမှတ်​ခဲ့သည်​။

မယ်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင်အမျိုးသားသည်​ ဆိုင်မှဝန်ထမ်း အမျိုးသားတစ်​ဦးကို အလိုမတူ အဓမ္မပြုကျင့်ခဲ့တာကြောင့် ဓမ္မတာနှင့်​ ဆန့်ကျင်သည့်​ အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၇ နှင့်​ တရားစွဲဆိုခံထားရခြင်းဖြစ်​သည်​။

အမှုအတွက် တရားလိုပြ သက်သေ ၁၁ ဦးတင်ပြထားပြီး၊ ၁ ဦးကို ပယ်ခဲ့ကာ ၁၀ ဦးသာ စစ်ဆေးခဲ့ခြင်းဖြစ်​​ကြောင်းသိရသည်​။

“ဒီ​နေ့ရုံးချိန်းမှာ တရားရုံးက​နေပြီး​တော့ တရားစွဲဆိုခံရသူကို စွဲချက်​တင်​လိုက်​တယ်​။ပုဒ်​မ၃၇၇နဲ့ဘဲ။စွပ်​စွဲခံရသူဘက်​က ပြန်​​ခေါ်သက်​​သေ​၇ဦးကို ပြန်​စစ်​​ဆေးချင်​ပါတယ်​ဆိုပြီး​လျှောက်တယ်​”ဟုတရားလိုဘက်​မှလိုက်​ပါ​ဆောင်​ရွက်​​ပေး​နေသည့်​​ရှေ့​နေတစ်​ဦးက​ပြောသည်​။

လာမည့်​ရုံးချိန်းကို မတ်​လ ၂၁ရက်​သို့ပြန်​လည်​ချိန်းဆိုထားပြီး ​အောင်​သူ၊မနန္ဒာ၊မဆန်းကြည်​၊​အောင်​ကိုကို​ထွေး၊​ကျော်​​ကျော်​ထက်​၊တွဲဖက်မြို့နယ်​တရားသူကြီး​ဒေါ်ရူပါ​နေဝင်းနှင့်​ ဒုရဲမှူးတို့ကို ပြန်​​ခေါ်သက်​​သေအဖြစ်​စစ်​​ဆေးသွားမည်​ဖြစ်​သည်​။

ပြစ်​မှုကျူးလွန်​ခံရသူ ဆိုင်​ဝန်​ထမ်းအမျိုးသားမှ တရားရုံးမှယခုကဲ့သို့စွဲချက်​တင်​အမိန့်​နှင့်​ပတ်​သက်​၍ ​ကျေနပ်​မှုရှိ​ကြောင်း ရုံးချိန်းအပြီး​တွင်​​ပြောကြားခဲ့သည်​။

ဓာတ်​ပုံ – ​ဝေယံ

Leave a Reply