မန္တလေးတွင်မီးလောင်မှု မီးသတ်တပ်ဖွဲ့ဝင် (၄) ဦး ထိခိုက်ဒဏ်ရာများရရှိ

0
70

မတ် ၁၄
နိုင်လင်းဦး

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာအောင်မြေအနောက်ရပ်ကွက် ၈၃ လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြား မတ်လ ၁၃ ရက်နေ့ညပိုင်းအချိန်က မီးလောင်ခဲ့ပြီး မီးငြိမ်းသတ်ရာတွင် ပါဝင်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် (၄) ဦး ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ RC ၃ ထပ်ခွဲ တိုက်နေအိမ် ဒုတိယအထပ်ရှိ အိပ်ခန်းအတွင်း မွေ့ယာပေါ်တင်ထားသော နှစ်ပင်လိမ်မီးကြိုးခွေ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည် ။

ယင်းမီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ပေးခဲ့သည့် အရန်မီးသတ်တပ်ဖွဲ့ဝင် ကျော်ကျော်နောင် မှာ မီးခိုမွန်အသက်ရှူကြပ်ဝေဒနာ ၊ တပ်ကြပ်ကြီးချမ်းမြေ့အောင်မှာ လက်ပြတ်ရှဒဏ်ရာ ၊ တပ်သား စန်းလှိုင်မှာ ခြေဖဝါးပြတ်ရှဒဏ်ရာ နှင့် တပ်သား ကျော်ကျော်ထွေးတွင် လက်ပြတ်ရှဒဏ်ရာ တို့ရရှိခဲ့သည် ။

ရရှိခဲ့သည့် ဒဏ်ရာများမှာ စိုးရိမ်ရခြင်းမရှိသော်လည်း အရန်မီးသတ်တပ်ဖွဲ့ဝင် ကျော်ကျော်နောင် အား အတွင်းလူနာအဖြစ်လည်းကောင်း၊ ကျန်သုံးဦးအား ပြင်ပလူနာအဖြစ်လည်းကောင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် တင်ပို့ခဲ့ရကြောင်း သိရသည် ။

မီးလောင်မှုကြောင့် နေအိမ်အတွင်းပစ္စည်းများ ၆ သိန်း ၅ သောင်းကျော်ဖိုး ဆုံးရှုံးခဲ့ပြီး အိမ်ပိုင်ရှင် ဦးနေလင်းအောင်အား အမှတ်(၇) ရဲစခန်းတွင် (ပ)၂၁၂/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည် ။

Photo : Kaung Zaw Hein / MPA

Leave a Reply