WannaCry Rasomeware ကြောင့် ထိခိုက်ပျက်စီး မှုများအတွက် အမေရိကန်မှ မြောက်ကိုရီးယား အားပြစ်တင်ပြောဆို

0
243

ဇန်န၀ါရီ ၁၃ ၊ ၂၀၁၈

ယခုနှစ်ဦးပိုင်းက နိုင်ငံပေါင်း ၁၅၀ ကျော်ရှိ ကွန်ပြူတာပေါင်း ၃၀၀,၀၀၀ ကျော်ကို ထိခိုက်ပျက်စီး စေခဲ့သော ကမ္ဘာလုံးဆိုင်ရာ WannaCry Ransomeware Attack သည် မြောက်ကိုရီးယား၏ ကြိုးဆွဲမှုဖြစ်သည် ဟု United States မှ ပြီးခဲ့သော အင်္ဂါနေ့ က စွပ်စွဲပြောကြားခဲ့သည်။

မေလတွင်ဖြစ်ပွားခဲ့သော တိုက်ခိုက်မူတွင် Pyongyang သည် နောက်ကွယ် မှ ပါဝင်သည်ဟူသော ဆွဲချက်အတွက် U.S တွင် ခိုင်လုံသော သက်သေရရှိထားပြီးဖြစ်သည်ဟု နိုင်ငံတော်လုံခြုံရေး အကြံပေး Tom Bossert က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ စွပ်စွဲချက်ကို The Wall Street Journal ၏ရေးရာများ ကဏ္ဍ တွင်လည်း Bossert ကဖြော်ပခဲ့ဖူးသည်။
U.S အနေဖြင့် WannaCary တိုက်ခိုက်မှုနှင့် မြောက်ကိုရီးယား ကြား ဆက်စပ်မှုကို ခိုင်လုံသော သက်သေများ ရှိသည်ဆိုသော်ငြား လူထု
ထံသို့ ချပြခဲ့ခြင်းတော့မရှိပေ။ ထိုအချက်က အခြားပြဿနာများကို ဆောင်ကျဉ်းလာနိုင်ဖွယ်လည်းရှိသည်။

“ဆိုင်ဘာတိုက်ခိုက်မှုတွေနဲ့ ပက်သက်ပြီး တိတိကျကျ အထောက် အထားပြဖို့ ဆိုတာ တော်တော်လေး ခက်ခဲတဲ့အလုပ်ပါ။ ဒါကြောင့်လည်း ပဲ သက်သေတွေက ဘယ်ကိုဦးတည်သွားတယ်ဆိုတာကို ထုတ်ဖော် ပြောဖို့ ခက်ခဲလေ့ရှိပါတယ်” ဟု Tripewire မှ ထုတ်ကုန်စီမံ ခန့် ခွဲရေး နှင့် နည်းဗျူဟာ ဒု ဥက္ကဋ္ဌ ဖြစ်သူ Tim Erlin ကဆိုသည်။

WannaCry နှင့် မြောက်ကိုရီးယား စပ်ဆက်မှု ရှိသည်ဟူသော ယူဆချက်များက NSA က Pyongyang သည်တိုက်ခိုက်မှု၏ နောက်ကွယ်တွင်ရှိသည်ဟု ပြေကြားခဲ့သည့် ဇွန်လခန့် ကပင် ကနဦးယူချက်များ ရှိပြီးဖြစ်သည်။ ဗြိတိန် အစိုးရကလည်း အဆိုပါ ကောက်ချက်မျိုးကိုပင် အောက်တိုဘာလတွင် ချမှတ်ခဲ့ပြီး CIA ကလည်း သဘောတူ ထောက်ခံခဲ့သည်။

ကေအယ်လ်

Ref: Internet

Leave a Reply