“ရခိုင်ပြည်နယ်တွင် မေတ္တာတရားခေါင်းပါးနေတယ်”ဟု ဒေါက်တာဇော်မြင့်မောင်ပြော

0
126

မတ် ၁၆
ယဉ်ကေနွယ်

ရခိုင်ပြည်နယ်တွင် မေတ္တာတရားခေါင်းပါးနေကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ပြောကြားလိုက်သည်။

“ကျွန်တော်တို့ကတော့ နိုင်ငံသားချင်းမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးစိုးရိမ်တာကတော့ မေတ္တာတရားခေါင်းပါးလာ လားမသိဘူး။အဲ့ဒါကို မေတ္တာတရားထားကြဖို့ ဆိုတာကို မနေ့က သဘင်သည်တွေ ကန်တော့တဲ့ အစည်းအရုံးမှာ ကိုဖိုးချစ်လုပ်တဲ့ ပွဲမှာ ကျွန်တော်ပြောလိုက်တယ်။ဝိုင်းပြီးတော့ မေတ္တာပို့ပေးကြပါပေါ့ကျွန်တော်တို့ နိုင်ငံမှာ ပွင့်ပွင့်လင်းလင်းပြောရရင် ရခိုင်မှာ မေတ္တတရားခေါင်းပါးနေတယ်”ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

ယနေ့ နေ့လည်ပိုင်းက နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ ၂ တွင် NLD ပါတီ၏ CEC အစည်းအဝေးပြီးချိန်တွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ဒေါက်တာမျိုးညွှန့်မှ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်တွင် ဖြစ်ပွားနေသည့် ကိစ္စများတွင် ရခိုင်လူမျိုးများပါ သေသည့် နေရာတွင် ပါလာကြောင်း ၊ထို့ကြောင့် တစ်ဦးနှင့်တစ်ဦးဆက်ဆံသည့် အခါ မေတ္တာတရားဖြင့်သာ ဆက်ဆံသင့်ကြောင်း ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

“ ကျွန်တော်တို့လည်း ဘက်ပေါင်းစုံလုပ်နေတာပဲ။ဒီကိစ္စလေးတစ်ခုပဲ။ကျန်တဲ့ဟာတွေ ဆောင်ရွက်နိုင်တာတွေ အများကြီးပဲ။ဒီကိစ္စဆိုတာ အခုတိုက်နေတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ပြောတာပါ” ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်များ၊ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများလုပ်ဆောင်ပေးလျက်ရှိကြောင်း ၎င်းကပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်တစ်ခုလုံးသည် မကြာမီမီးလင်းတော့မည်ဖြစ်ကြောင်း၊မီးလင်းရန် မြို့နယ် တစ်ခု သာကျန်ရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းမငြိမ်သက်မှုမဖြစ်စေရေးအတွက် ဖန်တီးလှုံ့ဆော်မှုများထပ်မံမဖြစ်ပွားစေရေးနှင့်ပြည်နယ်တည်ငြိမ်အေးချမ်းရေးဆောင်ရွက်နိုင်ရေးအတွက် “ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အပြုကော်မတီ”အား အဖွဲ့ဝင် ၁၄ ဦး ဖွဲ့စည်းပေးထားကြောင်း နိုင်ငံတော် သမ္မတ ရုံးမှ မတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ ၆၀၀၀ ကျော်အထိ ရှိနေကြောင်း သိရသည်။

Leave a Reply