လိုင်းယွန်းအဲနဲ့အီသီယိုးပီးယားလေကြောင်းလိုင်းတို့ရဲ့လေယာဉ်ပျက်ကျမှုတွေမှာ ဆင်တူတာတွေရှိနေ

0
106

မတ် ၁၈
နိုင်ငံတကာသတင်း

ပြီးခဲ့တဲ့တစ်ပတ်ကပျက်ကျခဲ့တဲ့အီသီယိုးပီးယားလေကြောင်းလိုင်ပိုင်လေယာဉ်နဲ့ ၂၀၁၈ခုနှစ်၊ အောက်တိုဘာကပျက်ကျခဲ့တဲ့ လိုင်းယွန်းအဲလေကြောင်းလိုင်ပိုင်လေယာဉ်တွေမှာ တူညီချက်တွေရှိနေတယ်လို့ ပြန်တွေ့ခဲ့တဲ့လေကြောင်းပျံသန်းမှုမှတ်တမ်း(Black Box)တွေကို အကြိုစစ်ဆေးရာမှာတွေ့ခဲ့တယ်လို့ အီသီယိုပီးယားပို့ဆောင်ရေးဝန်ကြီးက တနင်္ဂနွေနေ့မှာပြောပါတယ်။

Blcak Boxတွေကနေ အကျိုးအကြောင်းသင့်တဲ့အချက်အလက်တွေအားလုံးပြန်ရခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူကပြောတယ်ဆိုပြီး ဒတ်ဂ်မာဝတ် မိုဂီးစ်ကပြောပါတယ်။
ဆင်တူတာတွေက ဘယ်အချက်တွေလဲဆိုတာ မိုဂီးစ်ကအသေးစိတ်မပြောခဲ့ပေမဲ့ အဲဒီအချက်တွေက နောက်ထပ်စုံစမ်းမှုတွေရဲ့အဓိကအချက်တွေဖြစ်လာလိမ့်မယ်လို့တော့ ပြောပါတယ်။

မတ်လ ၁၀ ရက်က အီသီယိုးပီးယားနိုင်ငံ၊ အဒစ်ဘာဘာမြို့လေဆိပ်ကနေပျံတက်ပြီး ၆ မိနစ်အတွင်း အီသီယိုးပီးယားလေကြောင်းလိုင်း၊ လေယာဉ်အမှတ် ၃၀၂ ပျက်ကျခဲ့လို့ လေယာဉ်ပေါ်ပါသွားတဲ့ လူ ၁၅၇ ယောက်လုံးသေဆုံးခဲ့ပြီး ပြီးခဲ့တဲ့ ၆ လအတွင်း ဘိုးအင်း 737 Max 8 လေယာဉ်တွေပျက်ကျခဲ့တဲ့ဒုတိယဖြစ်ရပ်ပါ။

ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကလည်း အင်ဒိုနီးရှားနိုင်ငံက လိုင်းယွန်းအဲလေကြောင်းလိုင်းရဲ့လေယာဉ်အမှတ် ၆၁၀ က ပျံတက်ပြီး ၁၃ မိနစ်အကြာမှာ ဂျာဗားပင်လယ်ထဲကိုပျက်ကျခဲ့လို့ လေယာဉ်ပေါ်ပါသွားတဲ့လူ ၁၈၉ ယောက်လုံးသေဆုံးခဲ့ပါတယ်။

စုံစမ်းနေဆဲအဲဒီဖြစ်ရပ်နှစ်ခုစလုံးရဲ့တူညီချက်တွေကြောင့် ကမ္ဘာအနှံ့ကလေကြောင်းပျံသန်းရေးအာဏာပိုင်တွေက 737 Max 8လေယာဉ်တွေအသုံးပြုတာကို ပိတ်ပင်ထားပါတယ်။

လိုင်းယွန်းအဲလေယာဉ်ပျက်ကျမှုက လေယာဉ်အပြင်မှာရှိတဲ့ထိခိုက်မှုအာရုံခံကိရိယာရဲ့ထောင့်ချိုးက အချက်အလက်အမှားတွေထုတ်လွှင့်ခဲ့တာကြောင့်လို့ စုံစမ်းစစ်ဆေးနေသူတွေက သံသယရှိနေပါတယ်။

အဲဒီထုတ်လွှင့်မှုကြောင့် လေယာဉ်မှာပါတဲ့ အလိုအလျောက်ပျံသန်းမှုဆော့ဖ်ဝဲ MCAS စအလုပ်လုပ်ခဲ့ပြီး လေယာဉ်က ဦးနှိမ့်သွားတာလို့ သံသယ၀င်နေတာပါ။

တနင်္ဂနွေနေ့က မိုဂီးစ်ကမှတ်ချက်ပြုခဲ့ပြီးတဲ့နောက် စုံစမ်းစစ်ဆေးမှုတွေကို ဆက်ပြီးထောက်ပံ့ပေးနေမယ့်အပြင် အချက်အလက်အသစ်တွေရတာနဲ့ ထုတ်ပြန်ပေးနိုင်အောင် အာဏာပိုင်တွေနဲ့ပူးတွဲအလုပ်လုပ်သွားမယ်လို့ ဘိုးအင်းကုမ္ပဏီဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် ဒန်းနစ် မွီလန်ဘာ့ဂ်ျက ထုတ်ပြန်ခဲ့ပါတယ်။

Source-CNN

#ဥက္ကာ
#TheFifthWaveNews

Leave a Reply