၂ နှစ်အရွယ် ကလေးငယ်အားမုန့်ကျွေးမည်ပြောပြီး အဓမ္မပြုကျင့်

0
346

ရန်ကုန် ၊ ဇန်နဝါရီ ၁၃၊ ၂၀၁၈

ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ဒေါခူရပ်ကွက် အကျဉ်းဦးစီးဌာနဝင်း အတွင်း၌ ၂နှစ်အရွယ် ကလေးငယ်အား မုန့်ကျွေးမည်ပြောကာ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း လွိုင်ကော်မြို့မ ရဲစခန်စန်းမှ သိရသည်။

“တရားခံကို ကျွန်တော်သွားဖမ်းတာပါ။ အကျဉ်းထောင် အဆောက် အဦတွေ လုပ်နေတဲ့အလုပ်သမားပါ” ဟု လွိုင်ကော်မြို့မ ရဲစခန်းမှ ရဲအုပ်ငြိမ်းဇော်မင်းကပြောသည်။

ဒေါဥခူရပ်ကွက် အကျဉ်းဦးစီးဌာနဝင်းအတွင်း ဇန်နဝါရီ ၁၁ရက် ညနေ ၃ နာရီကျော်ခန့်က လွိုင်ကော်အကျဉ်းဦးစီးဌာန အဆောက်အဦများ လာရောက်ဆောက်လုပ်နေသော မလှိုင်မြို့နယ် ရွှေဘော်ကျွန်းကျေးရွာ နေမြင့်ခိုင်(ခ)စိန်မြင့်ခိုင်၂၄နှစ်သည် အလုပ်အတူ လုပ်ကိုင်နေသူ ဦး……၏ သမီးဖြစ်သူ ၂ နှစ်အရွယ် မ……. ကလေးငယ်အား မုန့်ကျွေးမည်ဟုပြောဆိုကာ အလုပ်သမားများနေထိုင်သော လိုင်းခန်းသို့
ခေါ်ဆောင်၍ သားမယားပြုကျင့်ခဲ့သဖြင့် ထိုနေ့ည ၁၀နာရီ၃၀မိနစ် အချိန်တွင် မိခင်ဖြစ်သူမှ တိုင်တန်းခဲ့ကြောင်း ကျူးလွန်ခံရသူ ကလေးအား လွိုင်ကော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း
သိရသည်။

အဆိုပါဖြစ်စဉ်အားလွိုင်ကော်မြို့မရဲစခန်းမှ(ပ)၈/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ၃၇၆ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။

မြတ်ဟိန်းကျော်

Leave a Reply