မန္တလေးတွင် နေအိမ် (၅) လုံး မီးလောင်ဆုံးရှုံး

0
105

မတ် ၂၄
နိုင်လင်းဦး

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ အကွက်အမှတ် (၅၅၇)၊ (၈၁x၈၂)လမ်းကြားနှင့် (၃၃x၃၄)လမ်းကြားတွင် မတ်လ ၂၃ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၅) လုံး မီးလောင်ခဲ့သည် ။

ဖြစ်စဉ်မှာ နေအိမ်ပိုင်ရှင် ဒေါ်ငြိမ်းငြိမ်း၏ (၄၀×၄၀)ပေ သွပ်မိုး၊ ပျဉ်ထောင် (၂)ထပ် နေအိမ်အောက်ထပ်ပျဉ်ကာတွင်တပ်ဆင်ထားသော ရေခဲသေတ္တာမီးဖြတ်စက် (Safe Guard) အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းပြီး ဘေးအိမ်များသို့ ကူးစပ်လောင်ကျွမ်းခဲ့သည် ။

မီးလောင်မှုကြောင့် (၄၀×၄၀)ပေ သွပ်မိုး၊ ပျဉ်ထောင် (၂)ထပ် နေအိမ် (၁)လုံး၊ (၂၀x၂၀)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၂)ထပ် နေအိမ် (၁)လုံး၊ (၁၂×၁၅)သွပ်မိုး၊ ထရံကာ (၁)ထပ် နေအိမ် (၁)လုံး၊ (၂၀x၂၀)ပေ သွပ်မိုး၊ ပျဉ်ထောင် (၂)ထပ် နေအိမ်အပေါ်ထပ် (၁)ထပ်၊ (၁၀×၃၀)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၂)ထပ် နေအိမ်အပေါ်ထပ်ရှိ (၁၀×၁၀)ပေ အခန်း (၁)ခန်းနှင့် ဆိုင်ကယ် (၁)စီး မီးလောင်ဆုံးရှုံးပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး (၄,၁၄၅,၀၀ဝိ)ကျပ်ခန့်ရှိကြောင်း မန္တလေးခရိုင်မီးသတ်တပ်ဖွဲ့ က သိရသည် ။

ယင်းမီးလောင်မှုနှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းသည့် နေအိမ်ပိုင်ရှင် ဒေါ်ငြိမ်းငြိမ်းအား ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၈) မြို့မရဲစခန်းတွင် (ပ) ၂၇၉/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပါကြောင်း သိရသည် ။

Leave a Reply