လူမှုကွန်ရက်ပေါ်သို့မိန်းကလေးတစ်ဦး၏ညစ်ညမ်းပုံများတင်ပြီး ငွေတောင်းခံသူကို အမှုဖွင့်

0
347

ရန်ကုန် ၊ ဇန်နဝါရီ ၁၃၊ ၂၀၁၈

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် မိန်းကလေးတစ်ဦး၏ ညစ်ညမ်း ပုံများအား FACEBOOK လူမှုကွန်ရက်ပေါ် တင်ကာ ငွေကျပ် ၁၀သိန်း တောင်းခံမှုဖြစ်ပွားခဲ့ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။

“Facebook Acc က ‘မတင်မြင့်’အကောက်နဲ့တင်တာ။ CID ကိုပို့ထားပါတယ်”ဟုမိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့စခန်းမှူးဒုရဲမှူး သန်းထိုက်မှပြောသည်။

ဖြစ်စဉ်မှာမိုးကောင်းမြို့နယ်ရှိ အမျိုးသမီးတစ်ဦးထံသို့နေရပ်လိပ်စာမသိ အမျိုးသားတစ်ဦးက ဖုန်းဆက်၍ Facebook လူမှုကွန်ရက်ပေါ်တွင် ၎င်း၏ညစ်ညမ်းပုံများတင်ထားကြောင်း ငွေကျပ်၁၀သိန်း ပေးပါက ပြန်ဖျက်ပေးမည်ဖြစ်ကြောင်း ပိုက်ဆံမပေးပါက ညစ်ညမ်းပုံများ ဆက်လက် တင်မည်ဖြစ်ကြောင်း ခြိမ်းခြောက်စာများ ပို့ကာ ငွေတောင်းခံ မှုကြောင့် ဇန်နဝါရီ ၁၁ က မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်း သို့ တိုင်တန်းခဲ့ကြောင်း စခန်းမှူးဒုရဲမှူးသန်းထိုက်က ပြောသည်။

အဆိုပါဖြစ်စဉ်ကို မိုးကောင်းမြို့မရဲစခန်းမှ ဒုရဲအုပ်ထက်ဝေအောင်က အမှုစစ်ပြုလုပ်၍ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်အရေးယူရန် စုံစမ်းလျက်ရှိကြောင်းသိရသည်။

မြတ်ဟိန်းကျော်

Leave a Reply