မြောက်​ဦးမြို့နယ်​ တိမ်​ညိုရဲစခန်းမှူး သေနတ်ဖြင့်ပစ်​ခတ်​ခံရ

0
83

မတ်​ ၂၃
ညိုမှိုင်း

ရခိုင်​ပြည်​နယ်​ မြောက်​ဦးမြို့နယ်​ တိမ်​ညိုတိုက်​နယ်​ကျေးရွာ ရဲစခန်းမှူး ရဲမှူးကျော်​ကျော်​လှမှာ ပြီးခဲ့သည့်​ ၈ နာရီလောက်​က သေနတ်​ဖြင့်​ပစ်​ခတ်​ခံလိုက်​ရကြောင်းသတင်းရရှိသည်​။

တိမ်​ညိုကျေးရွာမှာ မြောက်​ဦးမြို့နှင့်​မြောက်​ဘက်​ ၁၀ မိုင်​ခန့်​ကွာဝေးပြီး သေနတ်​ကိုင်​ဆောင်​ထားသူတစ်​ဦးက ပစ်​ခတ်​သွားခဲ့ခြင်းဖြစ်​ကြောင်းသိရသည်​။

“တိမ်​ညိုစခန်းမှူး လုပ်​ကြံခံလိုက်​ရတာဟုတ်​ပါတယ်​။ ဘယ်​နေရာမှာဖြစ်​လဲတော့မသိဘူး။ အခုတော့ မြောက်​ဦးဆေးရုံကိုရောက်​နေပြီလို့သိရပါတယ်​။”ဟု ဒေသခံတစ်​ဦးကပြောသည်​။

ပစ်​ခတ်​ခံရသူ တိမ်​ညိုစခန်းမှူး ရဲမှူးကျော်​ကျော်​လှမှာ ၈ နာရီလောက်​က စားသောက်​ဆိုင်​၌ရှိနေစဉ်​ သေနတ်​ဖြင့်​ပစ်​ခတ်​ခံလိုက်​ရခြင်းဖြစ်​ကြောင်းသတင်းများထွက်​ပေါ်လျက်​ရှိသည်​။

“သတင်းတွေကတော့ အမျိုးမျိုးထွက်​နေတာပေါ့နော်​။ ဟုတ်​မဟုတ်​တော့မသိရသေးဘူး။ သူ့အခြေအနေလည်း မသိရသေးဘူး။ လုံခြုံရေးတွေတင်းကျပ်​ထားတယ်​။”ဟု ၎င်းင်းကပြောသည်​။

ဖြစ်​နှင့်​ပတ်​သက်​၍ သက်​ဆိုင်​ရာမြောက်​ဦးမြိုရဲတပ်​ဖွဲ့သိုလ ဆက်​သွယ်​မေးမြန်းရာ အဆက်​အသွယ်​မရရှိခဲ့ပါ။

Leave a Reply