ကျောင်းသားတွေအပြည့်ပါတဲ့ကျောင်းကားကို ကျောင်းကားမောင်းတဲ့အီတလီယာဉ်မောင်းက မီးတင်ရှို့

0
103

မတ် ၂၁
နိုင်ငံတကာသတင်း

အီတလီနိုင်ငံ၊ မီလန်မြို့နားမှာ ကျောင်းသား ၅၁ ယောက်တင်လာတဲ့ကျောင်းကားကို အီတလီယာဉ်မောင်းက ပြန်ပေးဆွဲပြီး ကားကို မီးတင်ရှို့ခဲ့တဲ့ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။

ကားနောက်မှန်ကိုခွဲပြီး ကြိုးနဲ့ချည်ခံထားရတဲ့ကလေးငယ်တွေအပါအ၀င် ကလေးအားလုံးကို ပြန်ကယ်ထုတ်ခဲ့ရပြီး တစ်ယောက်မှာ ဒဏ်ရာဆိုးဆိုးရွားရွားမရခဲ့ပါဘူး။

လူ ၁၄ ယောက်ကတော့ မီးခိုးငွေ့တွေရှူမိခဲ့ပါတယ်။

ဆီနီဂေါနိုင်ငံကလာပြီး လက်ရှိမှာ အီတလီနိုင်ငံသားခံယူထားတဲ့ အသက် ၄၇ နှစ်အရွယ်ယာဉ်မောင်းကိုလည်း ဖမ်းမိထားပါပြီ။

တစ်ယောက်မှအသက်မရှင်ရဘူး လို့ ယာဉ်မောင်းက ပြောခဲ့ပုံရပါတယ်။

ဆန်းကြယ်တဲ့ဖြစ်ရပ်တစ်ခုပါ။ လူအစုလိုက်အပြုံလိုက်အသတ်ခံရမှုတောင်ဖြစ်သွားနိုင်တယ်လို့ မီလန်အစိုးရရှေ့နေ့ချုပ် ဖရန်ဆက်စကို ဂရီကို ကပြောခဲ့ပါတယ်။

ယာဉ်မောင်း အူစိန်နျူး ဆီ ဟာ အီတလီရဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေနဲ့ မြေထဲပင်လယ်ထဲမှာေ ရွှ့ပြောင်းအခြေချသူတွေသေဆုံးတာကို မခံချိမခံသာဖြစ်နေတဲ့လူလို့ အခင်းဖြစ်ချိန်ကားပေါ်မှာရှိတဲ့ဆရာတစ်ယောက်က ပြောပါတယ်။

ပင်လယ်ထဲမှာလူတွေသေနေတာကို တားကြစမ်း။ ငါလူတွေအများကြီးကိုသတ်မယ်လို့ သူကအော်ခဲ့တယ် ဆိုပြီး ရဲတပ်ဖွဲ့ပြောခွင့်ရသူ မာကို ပယ်မီရီကပြောပါတယ်။

ဖမ်းခံထားရတဲ့လူက ပြန်ပေးဆွဲတာ၊ လူအများအပြားကိုသတ်ဖို့ကြိုးစားခဲ့တာ၊ မီးရှို့ခဲ့တာနဲ့ အဖမ်းမခံဘဲပြန်ခုခံတာ စတဲ့အမှုတွေနဲ့ရင်ဆိုင်ရမယ်လို့ အစိုးရရှေ့နေတွေကပြောပါတယ်။

သူ့ကိုအကြမ်းဖက်မှုဆွဲချက်တွေပါထပ်တင်ဖို့ အာဏာပိုင်တွေက ဖိအားပေးနေတယ်လို့လည်း ဂရီကိုကပြောပါတယ်။

ဖမ်းခံထားသူက လက်ရောက်မှု၊ မူးနေတုန်းကားမောင်းမှုတွေနဲ့ ရဲမှတ်တမ်းဝင်ဖူးတယ်လို့ မီလန်ပြည်သူ့ရှေ့နေရုံးက အကြမ်းဖက်မှုတုံ့ပြန်ရေးဌာနခေါင်းဆောင် အယ်ဘာတို နိုဘီလီကပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လမှာ ရွေးကောက်ပွဲအနိုင်ရခဲ့ပြီးကတည်းက အီတလီရဲ့အာဏာရညွှန့်ပေါင်းပါတီတွေက ရွှေ့ပြောင်းအခြေချသူတွေကိုဆန့်ကျင်တဲ့ဘက်က ဖော်ပြခဲ့ပါတယ်။

မြေထဲပင်လယ်ကိုဖြတ်ပြီးဥရောပမှာခိုလှုံဖို့လာကြတဲ့ရွှေ့ပြောင်းအခြေချသူတွေအတွက် ရှေ့ဆုံးမှာရှိနေတဲ့အီတလီနိုင်ငံက ဆိပ်ကမ်းတွေကိုသင်္ဘောနဲ့ဝင်လာတာကို ပိတ်ဖို့ ကြိုးစားခဲ့ပါတယ်။

Source-BBC
#ဥက္ကာ
#TheFifthWaveNews

Leave a Reply