တောင်ကိုရီးယားမှာ ဟိုတယ်တွေကိုလာတဲ့လူ ၁၆၀၀ ကိုလျှို့ဝှက်ကင်မရာတွေနဲ့ရိုက်ခဲ့တဲ့လူ ၄ ယောက်ကို ဖမ်းမိ

0
87

မတ် ၂၁
နိုင်ငံတကာသတင်း

တောင်ကိုရီးယားနိုင်ငံမှာ ဟိုတယ်တွေကိုလာတဲ့လူ ၁၆၀၀ ကို ကင်မရာနဲ့လျှို့ဝှက်ရိုက်ကူးခဲ့ပြီး ရုပ်သံဖိုင်တွေကို ၀က်ဘ်ဆိုက်တစ်ခုကနေရောင်းခဲ့တဲ့လူ ၄ ယောက်ကို ရဲတွေက ဖမ်းခဲ့ပါတယ်။

တီဗွီတွေ၊ ဆံပင်အခြောက်ခံစက်လက်ကိုင်တွေနဲ့ ခြေအိတ်တွေမှာ ကင်မရာအသေးစားတွေထည့်ထားခဲ့တဲ့ အဲဒီလူတွေက အမေရိကန်ဒေါ်လာ ၆၂၀၀ (မြန်မာကျပ် ၉၃၀၀၀၀၀)လောက်ရခဲ့တယ်လို့ ယူဆရပါတယ်။

တကယ်လို့ သူတို့မှာ အပြစ်ရှိတယ်လို့ဆုံးဖြတ်ခဲ့ရင် သူတို့က ထောင် ၁၀ နှစ်ကျနိုင်ပြီး ဒဏ်ငွေကိုရီးယားဝမ် သန်း ၃၀ (မြန်မာကျပ် ၃၉၈၅၆၅၀၀ ပတ်ဝန်းကျင်) ပေးဆောင်ရမှာပါ။

တောင်ကိုရီးယားမြို့ကြီး ၁၀ မြို့က ဟိုတယ်အခု ၃၀ မှာ ပြီးခဲ့တဲ့သြဂုတ်က အဲဒီလူ ၄ ယောက်က ၁ မီလီမီတာပဲရှိတဲ့ကင်မရာအသေးစားတွေလိုက်ပြီးတပ်ဆင်ခဲ့တာလို့ ကိုရီးယားရဲတပ်ဖွဲ့က ဘီဘီစီကိုပြောပါတယ်။

နိုဝင်ဘာမှာတော့ ၀က်ဘ်ဆိုက်တစ်ခုထောင်ပြီး အသုံးပြုသူတွေကို ဗီဒီယိုတွေရောင်းချတာပါ။

အဲဒီလူတွေက ဗီဒီယို ၈၀၃ ခုကိုတင်ခဲ့ပြီး ၀က်ဘ်ဆိုက်ဆာဗာကို နိုင်ငံခြားမှာအခြေစိုက်ပြီး ဥပဒေကို ချိုးဖောက်ခဲ့တာပါ။

အခုလမှာ အဲဒီဝက်ဘ်ဆိုက်ကိုမဖြုတ်ချခင် အဲဒီ ၄ ယောက် က လူ ၉၇ ယောက်ဆီက ငွေလက်ခံရခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

တောင်ကိုရီးယားမှာ အတူနေတာနဲ့ အ၀တ်အစားမဲ့တာကို လျှို့ဝှက်ရိုက်ကူးတဲ့ဖြစ်ရပ်တွေက ကပ်ရောဂါလိုပျံ့နှံ့နေပြီး ဆန္ဒပြမှုတွေရှိနေပါတယ်။

၂၀၁၇ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံမှာ လျှို့ဝှက်ကင်မရာနဲ့ရိုက်ကူးတာကို တိုင်ကြားမှု ၆၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်ကတော့ ၂၄၀၀ မှုရှိခဲ့ပါတယ်။

အဲဒီဖြစ်ရပ်တွေနဲ့ဆက်စက်လို့ လူ ၅၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပေမဲ့ ၂ ရာခိုင်နှုန်းကျော်ပဲ ထောင်ကျခဲ့ပါတယ်။

လျှို့ဝှက်ရိုက်ကူးတဲ့ဖြစ်ရပ်တွေကြောင့် ပြီးခဲ့တဲ့နှစ်က မြို့တော်ဆိုးလ်မှာ ဆန္ဒပြမှုတွေရှိခဲ့ပြီး ပိုပြင်းထန်တဲ့ပြစ်ဒဏ်ချဖို့လည်း တောင်းဆိုခဲ့ပါတယ်။

Source-BBC
#ဥက္ကာ
#TheFifthWaveNews

Leave a Reply