NLD ပါတီကိုယ်စားပြုယှဉ်ပြိုင်သည့်ကိုယ်စားလှယ်လောင်း အရည်အချင်းပျက်ယွင်းမှုကြောင့် ကိုယ်စားလှယ် လောင်းအဖြစ်မှပယ်ဖျက်ပေးရန် တစ်သီးပုဂလကိုယ်စားလှယ်လောင်းတောင်းဆို

0
204

မတ် ၂၉

ကိုလူသစ်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲတွင် စမ်းချောင်း မြို့နယ်စည်ပင်သာယာရေးကော် မတီအဖွဲ့ဝင်(၂)နေရာမှ NLDပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဒေါ်တိုးတိုးခိုင် အနေဖြင့် ကိုယ်စားလှယ်လောင်းအရည်အချင်းပျက်ယွင်းနေမှုကြောင့် မြို့နယ်ကော်မရှင်က ကိုယ်စားလှယ် လောင်းအမည်စာရင်းမှပယ်ဖျက်ပေးရန် တစ်သီးပုဂလကိုယ်စားလှယ်လောင်းဦးကြည်အောင်က ပြောကြား သည်။

“ရပ်ကွက်ရုံးမှာ မွေးတိုးသွားလုပ်တယ်။၁၃ရက်နေ့မှာ ၁၄ရက်နေ့မှာ သန်းခေါင်စာရင်းထဲကိုဝင်တယ်။သူရဲ့သန်း ခေါင်စာရင်းရဲ့သက်တမ်းက ၃ရက်ပဲရှိသေးတယ်။နည်းဥပဒေ၊ဥပဒေတွေနဲ့ဆိုရင် ရက်ကွာဟမှုက ၁၇ရက်ကွာ ဟနေတယ်။အဲ့ဒါကြောင့်မို့လို့ ကျွန်တော်ကန့်ကွက်ရခြင်းဖြစ်တယ်။အဲ့ဒါကြောင့်မို့လို့သူရဲ့ကိုယ်စားလောင်းအ မည်စာရင်းကို ပယ်ဖျက်ပေးပါဆိုတာကို ပယ်ဖျက်ပေးပါဆိုတာကို ဒီနေရာကနေပြောကြားချင်ပါတယ်”တစ်သီး ပုဂလကိုယ်စားလှယ်လောင်းဦးကြည်အောင်က ပြောကြားသည်။

စမ်းချောင်းမြို့နယ်၊မုန့်လုပ်ဆောင်ကုန်း(မြောက်)ရပ်ကွက်ရှိ ကျွန်တောလမ်းနှင့်ရတနာပုံလမ်းထောင်တွင် တစ် သီးပုဂလကိုယ်စားလှယ်လောင်းဦးကြည်အောင်မှပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၄င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လာမည့် မတ် ၃၁ရက်တွင်ပြုလုပ်မည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှကိုယ်စားပြုကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်(၂)နေရာအား ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဒေါ်တိုးတိုးခိုင် အနေဖြင့် ၄င်းယှဉ်ပြိုင် ရာမဲဆန္ဒနယ်မြေတွင် တစ်ဆက်တည်း သုံးနှစ်ပြည့်စွာနေထိုင်သူမဟုတ်ကြောင်းနှင့် ၀င်ရောက်အရွေးချယ်ခံရန် ကိုယ်စားလှယ် လောင်းအမည်စာရင်းတင်သွင်းချိန်တွင် မန္တလေးတိုင်းဒေသကြီး၊တောင်သာမြို့နယ်မှသန်းခေါင် စာရင်းဖြင့် တင်သွင်းခဲ့သော်လည်း ဖေဖော်ဝါရီ ၁၈ရက်တွင် ကော်မရှင်ကထုတ်ပြန်သည့် ကိုယ်စားလှယ်လောင်းအမည် စာရင်း၌ ဒေါ်တိုးတိုးခိုင်၏ အမည်စာရင်းပါရှိလာခြင်းကြောင့်တစ်သီးပုဂလကိုယ်စားလှယ်လောင်း ဦးကြည် အောင်က ဖေဖော်ဝါရီ ၁၉ရက်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ကော်မရှင်က တစ်သီးပုဂလကိုယ်စားလှယ်လောင်းဦးကြည်အောင်၏ ကန့်ကွက်လွှာအပေါ် ဖေဖော်ဝါရီ ၂၈ရက်တွင် ပြန်လည်အကြောင်းကြားရာ၌ ဦးကြည်အောင်၏ ကန့်ကွက်ချက်သည်ပြည့် စုံမှုမရှိကြောင်းနှင့် ဒေါ်တိုးတိုးခိုင်၏တင်ပြချက်သည့် ပြည့်စုံမှုရှိသည့်အတွက် ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းအကြောင်းပြန်ကြားခဲ့သည့်အတွက် မတ် ၁၈ရက်တွင် ဦးကြည်အောင်က ဒုတိယ အကြိမ်ကန့်ကွက်လွှာကို မြို့တော်ကော်မရှင်ထံသို့ထပ်မံပေးပို့ခဲ့သော်လည်း ရန်ကုန်မြို့တော်စည် ပင်သာယာ ရွေးကောက်ပွဲကော်မရှင်မှ ဥပဒေ၊နည်းဥပဒေများနှင့်အညီဆုံးဖြတ်ခဲ့သည့် ကိစ္စဖြစ်ကြောင်းအကြောင်းပြန်ကြား ခဲ့ကြောင်း ဦးကြည်အောင် ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ၊အခန်း (၄)၊ပုဒ်မ ၇၊တွင် (က) အသက် ၏၂၅နှစ်ပြည့် ပြီးသူ ၊(ခ)နိုင်ငံသားမိဘ(၂)ပါးမှမွေးဖွားလာသော နိုင်ငံသား၊(ဂ)သက်ဆိုင်ရာမဲဆန္ဒနယ်မြေတွင် တစ်ဆက်တည်းအနည်းဆုံး (၃)နှစ်နေထိုင်သူ၊(ဃ)စည်ပင်သာယာရေးရွေးကောက်ပွဲနည်းဥပဒေတွင် သတ်မှတ်ထားသော အရည်အချင်းနှင့်ပြည့်စုံသူ ဖြစ်ရမည်ဟု ဖော်ပြထားကြောင်းသိရသည်။

Leave a Reply