အမှုဖွင့်ခံထားရသည့် ပန်ဆယ်လို ထွက်ဆိုချက်လာပေး

0
257

ရန်ကုန် ၊ ဇန်န၀ါရီ ၁၃ ၊ ၂၀၁၈

လူမှုကွန်ရက်စာမျက်နှာတွင် ရဟန်းတစ်ပါး အရိုက်ခံရမှုနှင့် ပတ်သတ်ပြီးဝေဖန်ရေးသားခဲ့သည်ဟု ဆိုကာ ပန်ဆယ်လို အကောင့် ပိုင်ရှင်အား ပုဒ်မ ၆၆ (ဃ)ဖြင့် တာမွေမြို့မရဲစန်းတွင်အမှုဖွင့်ထား ခြင်းကို ကာယကံရှင် ပန်ဆယ်လို(ခ) မအိမ့်ပိုးဥမှ ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် တာမွေမြို့မရဲစခန်း၌ ကိုယ်တိုင်ထွက်ဆိုချက်လာပေးခဲ့သည်။

” ကျွန်မကတော့ ကျွန်မရဲ့လျောက်လွှဲချက်ကို စာနဲ့သေချာတင်ခဲ့ပါတယ်။ လာပြီးအစစ်ခံတယ်ဆိုတာမျိုးထက် ဖြေရှင်းစရာရှိတာကို လာပြီး ဖြေရှင်းတဲ့ သဘောပါ။ ၆၆( ဃ) နဲ့မစွဲဆိုသင့်ဘူးလို့မြင်ပါတယ်။ ကျွန်မရေးသားချက်နဲ့ပတ်သတ်ပြီး ကျွန်မမှာ အပြည့်အ၀ယုံကြည်မှု ရှိပါတယ်။ အဲ့အတွက်လည်း ဒီအမှုနဲ့ပတ်သက်ပြီး သက်သေခံ အထောက်အထားတွေ ကျွန်မဒီ Post ကိုဘာကြောင့်ရေးရတယ်ဆိုတဲ့ သက်သေခံအထောက်အထားတွေရယ်၊ ဒီ Post ရေးသားတာကို ငြင်းဆိုခြင်းမပြုဘဲနဲ့ ဒီ Post ကိုကျွန်မရေးသားတာကို တရားစွဲဆို သင့်မဆိုသင့် တရားရုံးက ဆက်လက်ပြီးလုပ်ဆောင်ပါလိမ့်မယ် ” ဟု ပန်ဆယ်လို(ခ) မအိမ့်ပိုးဥ ကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင် ထောက်ကြန့်မြို့နယ် လမင်းသာ-၂ ဘီယာဆိုင်၌ ရဟန်းတစ်ပါး အရိုက်ခံရမှုနှင့် ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာတွင် ဝေဖန်မှုများရေးသားခဲ့သည်ဟုဆိုကာ ပန်ဆယ်လို အကောင့်ပိုင်ရှင်အား လှိုင်သာယာမြို့နယ်တွင်နေထိုင်သည့် ဦးမောင်မောင်တာက အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုင်ကြားမှုတွင် ပန်ဆယ်လို အကောင့်မှ တင်လိုက်သည့် Post အချို့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များကို စိတ်နှလုံး ညှိနွမ်းစေမှု ၊ ဦးဝိရသူကို ဂုဏ်သိက္ခာကျဆင်းစေသော ရေးသား ချက်ဖော်ပြချက် များကို လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားမှု နှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အား ဂုဏ်သိက္ခာကျဆင်းစေသော အချက်အလက်များ ရေးသားဖြန်ဝေသည့် အချက်များဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ပန်ဆယ်လို၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်ကပြောသည်။

” တိုင်ကြားချက်မှာက ဦးက္ကုန္ဒကရဲ့ ကိုယ်စားလှယ်စာတော့ပါပါတယ်။ တိုင်ကြားချက်မှာ ဦးက္ကုန္ဒက ဆိုတဲ့အမည်တောင်မပါဘူး။ ဦးက္ကုန္ဒက ကို ဆရာမပန်ဆယ်လိုက ဘယ်လိုနစ်နာအောင်ရေးသားတယ်ဆိုတဲ့ အချက်အလက်တွေမပါဘူး။ဒီတိုင်စာဟာဥပဒေအရဆက်လက် ဆောင်ရွက်ရန်အကြောင်းမရှိတဲ့အတွက်ဒါကို ပိတ်သိမ်းပေးဖို့ ဒီနေ့စာတင်ထားပါတယ် ” ဟု ဦးခင်မောင်မြင့်ကပြောသည်။

ပြီးခဲ့သည့်လကုန်ပိုင်းတွင် ထောက်ကြန့်မြို့နယ်ရှိ စားသောက်ဆိုင်အတွင်း ရဟန်းတစ်ပါးအား ရိုက်နှက်ခဲ့သည့် ဗိဒီယိုဖိုင်မှာ ဖေ့ဘွတ်လူမှုကွန်ရက် စာမျက်နှာတွင် ပျံနှံ့ခဲ့ပြီး ဝေဖန်မှုများစွာထွက်ပေါ်ခဲ့သည်။

ဖြိုးဖြိုး

Leave a Reply