ပတ္တရားကို မုန်တိုင်းဝင်လို့ ရေကြီးနေ

0
26

ဧပြီ ၃
နိုင်ငံတကာသတင်း

ထိုင်းနိုင်ငံရဲ့ပတ္တရားခရိုင်ကို မုန်တိုင်းဝင်လို့ အင်္ဂါနေ့နေ့လည်ပိုင်းက နေရာတချို့မှာ ရေ ၃ ပေကျော်ခဲ့ပါတယ်။

နှစ်နာရီကျော်လောက် မိုးကြီးခဲ့လို့ ဘမ်လွမ်ခရိုင်ခွဲရဲ့ကမ်းခြေမြို့နေရာတော်တော်များများမှာ ရေကြီးခဲ့ပါတယ်။

ရေ ၄ ပေလောက်အထိတက်ခဲ့လို့ လမ်းမတွေပေါ် ကားတွေမဖြတ်နိုင်ဖြစ်ခဲ့ပြီး ယာဉ်အသွားအလာကြပ်ခဲ့သလို ရေထဲမှာ ရပ်ထားခဲ့ရပါတယ်။

ရဲတွေနဲ့ပတ္တရားမြို့တော်သာယာရေးအရာရှိတွေက လမ်းတွေပိတ်ခဲ့ပြီး ယာဉ်ကြောပြန်ပွင့်နိုင်ဖို့ အနည်းဆုံးအချိန်နှစ်နာရီလောက်ကြာခဲ့ပါတယ်။

လေပူတွေနဲ့တရုတ်နိုင်ငံဘက်က လေဖိအားများရပ်ဝန်းတစ်ခုတို့တွေ့နေလို့ ထိုင်းနိုင်ငံအထက်ပိုင်းမှာ ဗုဒ္ဓဟူးနေ့အထိ မုန်တိုင်းဆက်ဖြစ်နေဦးမယ်လို့ ထိုင်းမိုးလေဝသဌာနကအင်္ဂါနေ့မှာ ခန့်မှန်းထားပါတယ်။

မုန်တိုင်းကြောင့် အရှေ့မြောက်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ လေပြင်းတွေတိုက်နိုင်သလို တစ်ခါတစ်ခါမိုးလည်းကြီးနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

မုန်တိုင်းဝင်နေချိန်မှာ အိမ်ပြင်ထွက်တာ၊ သစ်ပင်အောက်တွေမှာ ခိုနေတာတွေမလုပ်ဖို့လည်း သတိပေးထားပါတယ်။

Source-Bangkok Post

#ဥက္ကာ
#TheFifthWaveNews
Photo-Bangkok Post

Leave a Reply