ဘိလက်မြေစက်ရုံ ကျောက်မိုင်းခွဲရာမှ ကျောက်ခဲ ကျသည့်အတွက် တောင်သူများ အခက်အခဲဖြစ်နေ

0
207

မန္တလေး၊ ဇန်နဝါရီ ၁၃၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာအနီး ဘိလပ်မြေစက်ရုံ၏ ကုန်ကြမ်းရယူမှု ဖြစ်သည့် ကျောက်မိုင်းခွဲရာမှ ကျောက်ခဲ နှင့် ကျောက်မှုန်များကျသည့်အတွက် ဒေသခံများ သီးနှံစိုက်ပျိုးရာတွင် အခက်အခဲဖြစ်ကြောင်း သိရသည်။

ယင်းကျေးရွာအနီးတွင် သံတော်မြတ်ကုမ္ပဏီပိုင် ဘိလပ်မြေစက်ရုံမှ ကျောက်မိုင်းခွဲပြီး ကုန်ကြမ်းရယူမှုများပြုလုပ်နေကာ ကျောက်မှုန် ကျောက်ခဲများကြောင့် အထွက်နှုန်းလျော့ကျမှုတွေဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“ကျွန်တော့် မြေက သူတို့ကျောက်ထုတ်တဲ့တောင်အနီးမှာရှိတယ် ။ အရင်ကဆို တစ်ဧကကို ပဲတင်း နှစ်ဆယ်လောက်ထွက်တဲ့ ဟာက ခုဆိုရင် ငါးတင်းလောက်ပဲထွက်တော့တယ် ။ နောက်ပြီး အလုပ်သမားတွေကလည်း ကျောက်ခဲတွေကျတော့ မလုပ်ချင်ကြဘူး ။ ကျွန်တော်တို့မှာ အခက်အခဲတွေ အမျိုးမျိုးကြုံနေရတယ်”ဟု ဒေသခံတောင်သူ ဦးကျော်ရှိန်း က ပြောသည်။

ဘိလပ်မြေထုတ်ရန် ကုန်ကြမ်းရယူရာတွင် ထုံးတောင်နှင့် တောင်နီမ တို့တွင် ကျောက်မိုင်းခွဲပြီး ရယူသည့်အတွက် ကျောက်မှအမှုန် ၊ ကျောက်ခဲများ တောင်အောက်ရှိ စိုက်ခင်းများအတွင်း ကျရောက်နေခြင်းဖြစ်သည်။

“သူတို့မိုင်းခွဲတာ ကျွန်တော်တို့မှာ အသက်အန္တရာယ်ရှိတယ် ။ ကျွန်တော်တို့စိုက်ထားတဲ့ နွားကျွေးဖို့ ပြောင်းတွေဆို နွားတောင်မစားဘူး ။ ရေဆေးကျွေးရတယ် ။ အမှုန်တွေတင်နေတာ ဖွေးနေတာပဲ”ဟု ဒေသခံတောင်သူ ဦးစိန်ကုလား က ပြောသည်။

၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းက စိုက်ပျိုးထားသည့် အခင်းထဲ ကျောက်တုံးကြီးများကျသည့်အတွက် ဘိလပ်မြေစက်ရုံဘက်မှ နစ်နာကြေးပေးခဲ့ဖူးပြီး ထပ်မံကျရောက်ပါကလည်း နစ်နာနာကြေး ပေးမည်ဖြစ်ကြောင်း ဒေသခံတောင်သူများ နှင့် စက်ရုံတာဝန်ရှိသူများ က နှစ်ဖက်သဘောတူစာချုပ်ကို ကျေးရွာအုပ်ချုပ်ရေးမှူးရှေ့တွင် လက်မှတ်များရေးထိုးခဲ့သည်။

“လျော်ကြေးကို ခဏ ခဏပေးတာ အဆင်မပြေနိုင်ဘူးဆိုရင် ကျွန်တော်တို့ မြေတွေကို စက်ရုံက ဝယ်စေချင်တယ် ။ ဒါမှမဟုတ်ရင် လည်း သတ်မှတ်ထားတဲ့အတိုင်း လျော်စေချင်တယ်” ဟု ဒေသခံတောင်သူ ဦးစိန်ကုလားက ပြောသည်။

ယင်းသို့ကျောက်တုံးများကျသည့်အတွက် တောင်သူများကို နစ်နာကြေးစုစုပေါင်း ကျပ်သိန်း ၄၀၀ ကျော်ပေးပြီးဖြစ်ကြောင်း သံတော်မြတ်ဘိလပ်မြေစက်ရုံ က သိရသည် ။

“ကျောက်တုံးတွေကျတိုင်း ကျွန်တော်တို့ကြောင့်မဟုတ်ပါဘူး ။ ခုနောက်ဆုံးအကြိမ်က ကျတာဆိုရင် မိုးများပြီး ကျောက်တုံးတွေ ရေစီးနဲ့ လိမ့်ပါကုန်တာပါ ။ ကျွန်တော်တို့စက်ရုံမှာ အခြားအလုပ်ကလေးတွေနဲ့ရှုတ်နေတော့ တောင်သူတွေနဲ့ တေ့တေ့ဆိုင်ဆိုင် မညှိနှိုင်းရသေးတာပါ”ဟု သံတော်မြတ်
ဘိလပ်မြေစက်ရုံ မှ စီမံခန့်ခွဲမှုမန်နေဂျာဦးတင်ဝင်းအောင်က ပြောသည်။

ဘိလပ်မြေကုန်ကြမ်းထုတ်ယူရာ ထုံးကျောက်တောင်နှင့် တောင်နီမ ပတ်ဝန်းကျင်ရှိ မှိုင်းပန်ရွာ၊ ရေကြည်ရွာနှင့် ကလေးရွာ စသည့်ရွာတြို့မှ စိုက်ဧက ၂၀၀ ခန့် ကျောက်ခဲ ၊ ကျောက်မှုန်များကျရောက်ကြောင်း ဒေသခံတောင်သူများထံက သိရသည်ဘိလက်မြေစက်ရုံ ကျောက်မိုင်းခွဲရာမှ ကျောက်ခဲ ကျသည့်အတွက် တောင်သူများ အခက်အခဲဖြစ်နေ

မန္တလေး၊ ဇန်နဝါရီ ၁၃၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာအနီး ဘိလပ်မြေစက်ရုံ၏ ကုန်ကြမ်းရယူမှု ဖြစ်သည့် ကျောက်မိုင်းခွဲရာမှ ကျောက်ခဲ နှင့် ကျောက်မှုန်များကျသည့်အတွက် ဒေသခံများ သီးနှံစိုက်ပျိုးရာတွင် အခက်အခဲဖြစ်ကြောင်း သိရသည် ။

ယင်းကျေးရွာအနီးတွင် သံတော်မြတ်ကုမ္ပဏီပိုင် ဘိလပ်မြေစက်ရုံမှ ကျောက်မိုင်းခွဲပြီး ကုန်ကြမ်းရယူမှုများပြုလုပ်နေကာ ကျောက်မှုန်ကျောက်ခဲများကြောင့် အထွက်နှုန်းလျော့ကျမှုတွေဖြစ်ကြောင်း ဒေသခံများထံက သိရသည် ။

“ကျွန်တော့ မြေက သူတို့ကျောက်ထုတ်တဲ့တောင်အနီးမှာရှိတယ် ။ အရင်ကဆို တစ်ဧကကို ပဲတင်း နှစ်ဆယ်လောက်ထွက်တဲ့ ဟာက ခုဆိုရင် ငါးတင်းလောက်ပဲထွက်တော့တယ် ။ နောက်ပြီး အလုပ်သမားတွေကလည်း ကျောက်ခဲတွေကျတော့ မလုပ်ချင်ကြဘူး ။ ကျွန်တော်တို့မှာ အခက်အခဲတွေ အမျိုးမျိုးကြုံနေရတယ် ။´´ ဟု ဒေသခံတောင်သူ ဦးကျော်ရှိန်း က ပြောသည် ။

ဘိလပ်မြေထုတ်ရန် ကုန်ကြမ်းရယူရာတွင် ထုံးတောင်နှင့် တောင်နီမတို့တွင် ကျောက်မိုင်းခွဲပြီး ရယူသည့်အတွက် ကျောက်မအမှုန် ၊ ကျောက်ခဲများ တောင်အောက်ရှိ စိုက်ခင်းများအတွင်း ကျရောက်နေခြင်းဖြစ်သည် ။

“သူတို့မိုင်းခွဲတာ ကျွန်တော်တို့မှာ အသက်အန္တရာယ်ရှိတယ် ။ ကျွန်တော်တို့စိုက်ထားတဲ့ နွားကျွေးဖို့ ပြောင်းတွေဆု နွားတောင်မစားဘူး ။ ရေဆေးကျွေးရတယ် ။ အမှုန်တွေတင်နေတာ ဖွေးနေတာပဲ ။´´ ဟု ဒေသခံတောင်သူ ဦးစိန်ကုလား က ပြောသည် ။

၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းက စိုက်ပျိုးထားသည့် အခင်းထဲ ကျောက်တုံးကြီးများကျသည့်အတွက် ဘိလပ်မြေစက်ရုံဘက်မှ နစ်နာကြေးပေးခဲ့ဖူးပြီး ထပ်မံကျရောက်ပါကလည်း နစ်နာနာကြေးပေးမည်ဖြစ်ကြောင်း ဒေသခံတောင်သူများ နှင့် စက်ရုံတာဝန်ရှိသူများ က နှစ်ဖက်သဘောတူစာချုပ်ကို ကျေးရွာအုပ်ချုပ်ရေးမှူးရှေ့တွင် လက်မှတ်များရေးထိုးခဲ့သည် ။

“လျော်ကြေးကို ခဏ ခဏပေးတာ အဆင်မပြေနိုင်ဘူးဆိုရင် ကျွန်တော်တို့ မြေတွေကို စက်ရုံက ဝယ်စေချင်တယ် ။ ဒါမှမဟုတ်ရင်လည်း သတ်မှတ်ထားတဲ့အတိုင်း လျော်စေချင်တယ် ။´´ ဟု ဒေသခံတောင်သူ ဦးစိန်ကုလား က ပြောသည် ။

“ကျောက်တုံးတွေကျတိုင်း ကျွန်တော်တို့ကြောင့်မဟုတ်ပါဘူး ။ ခုနောက်ဆုံးအကြိမ်က ကျတာဆိုရင် မိုးများပြီး ကျောက်တုံးတွေ ရေစီးနဲ့ လိမ့်ပါကုန်တာပါ ။ ကျွန်တော်တို့စက်ရုံမှာ အခြားအလုပ်ကလေးတွေနဲ့ရှုတ်နေတော့ တောင်သူတွေနဲ့ တေ့တေ့ဆိုင်ဆိုင် မညှိနှိုင်းရသေးတာပါ ။´´ ဟု သံတော်မြတ်ဘိလပ်မြေစက်ရုံ မှ စီမံခန့်ခွဲမှုမန်နေဂျာဦးတင်ဝင်းအောင်က ပြောသည်။

ဘိလပ်မြေကုန်ကြမ်းထုတ်ယူရာ ထုံးကျောက်တောင်နှင့် တောင်နီမပတ်ဝန်းကျင်ရှိ မှိုင်းပန်ရွာ၊ ရေကြည်ရွာနှင့် ကလေးရွာ စသည့်ရွာတြို့မှ စိုက်ဧက ၂၀၀ ခန့် ကျောက်ခဲ ၊ ကျောက်မှုန်များကျရောက်ကြောင်း ဒေသခံတောင်သူများထံက သိရသည်။

နိုင်လင်းဦး

Leave a Reply