လာမယ့်​တစ်​ပတ်​မှာ မက္ကဆီကိုနယ်​စပ်​ကိုပိတ်​မယ်​လို့ ထရမ့်​ခြိမ်း​ခြောက်

0
102

မတ်​ ၃၀
နိုင်​ငံတကာသတင်း

လာမယ့်​တစ်​ပတ်​မှာ အ​မေရိကန်​-မက္ကဆီကိုနယ်​စပ်​ကိုပိတ်​မယ်​လို့ အ​မေရိကန်​သမ္မတ ​ဒေါ်နယ်​ ထရမ့်​က ​သောကြာ​နေ့မှာ ခြိမ်း​ခြောက်​ခဲ့ပါတယ်​။

လာမယ့်​တစ်​ပတ်​မှာ နယ်​စပ်​ကိုပိတ်​နိုင်​​ချေရှိ​နေပါတယ်​။ ကျွန်​​တော့်​အတွက်​က​တော့ အဆင်​​ပြေပါတယ်​ လို့ ထရမ့်​ကသတင်း​ထောက်​​တွေကို​ပြောတာပါ။

သူ့ရဲ့သမ္မတသက်​တမ်းနှစ်​နှစ်​အတွင်း အ​မေရိကန်​-မက္ကဆီကိုနယ်​စပ်​ကိုပိတ်​မယ်​လို့ ထရမ့်​က ခဏခဏ​ပြောခဲ့​ပေမဲ့ အ​ကောင်​အထည်​​ဖော်​ခဲ့တာမျိုး​တော့မရှိပါဘူး။

ဒါ​ပေမဲ့ အခုတစ်​ကြိမ်​က​တော့ အ​မေရိကတိုက်​အလယ်​ပိုင်းနိုင်​ငံ​တွေက​နေ မက္ကဆီကိုနိုင်​ငံကိုဖြတ်​ပြီး အ​မေရိကန်​မှာ ​ရွှေ့​ပြောင်းအ​ခြေချကြဖို့လာ​နေကြတဲ့လူ​​တွေက အရင်​တုန်းကထက်​ အများကြီးရှိ​နေချိန်​မှာ ထရမ့်​က အခု​လို​ပြောတာပါ။

ထရမ့်​ရဲ့အခုမှတ်​ချက်​​နောက်ပိုင်း ​​နယ်​စပ်​ပိတ်​ရဖို့မရှိ​သေးဘူးလို့ မက္ကဆီကိုဘက်​က​ဖြေ​လျော့​ပြောဆိုပါတယ်​။

ခြိမ်း​ခြောက်​မှု​တွေကို အ​ခြေခံတဲ့လုပ်​ရပ်​​တွေ မက္ကဆီကိုဘက်​ကမလုပ်​ဘူးလို့ မက္ကဆီကိုနိုင်​ငံခြား​ရေးဝန်​ကြီး မာဆယ်​လို အီဘာ့ဒ်​က တွစ်​တာမှာ ​ပြောထားပါတယ်​။

အ​မေရိကန်​ကွန်​ဂရက်​လွှတ်​​တော်​ဆီ ထရမ့်​ရဲ့နိုင်​ငံခြားကလူ​တွေကို​ကြောက်​တဲ့လုပ်​ရပ်​ကို​ဝေဖန်​တဲ့သံခင်းတမန်​ခင်းစာတစ်​​စောင်​ပို့သွားမယ်​လို့ မက္ကဆီကိုသမ္မတရဲ့ပါတီက အထက်​လွှတ်​​တော်​​အမတ်​​တွေရဲ့​ခေါင်း​ဆောင်​ ရီကာဒို မွန်​ရီရယ်​က​ပြောပါတယ်​။

Source-Reuters
#ဥက္ကာ
#TheFifthWaveNews

Leave a Reply