ရှက်တာဒိုးနက်ကွင်းလယ်လူကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူမယ့် မန်စီးတီး

0
165

ဇန်န၀ါရီ ၁၃ ၊ ၂၀၁၈

မန်ချက်စတာယူနိုက်တက်မှ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေတဲ့ ရှက်တာဒိုးနက် ကွင်းလယ်လူ ဖရက် ကို မန်စီးတီးအသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းဖြင့် ခေါ်ယူမယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။

မန်ယူအသင်းဟာ အဆိုပါ ဘရာဇီးဆယ်ကျော်သက်ကွင်းလယ်လူကို ခေါ်ယူဖို့ စောင့်ကြည့်နေတာ အတော်ကြာခဲ့ပါပြီ။ ယခုအခါ မန်စီးတီး နည်းပြ ဂွာဒီယိုလာက အဆိုပါ ကစားသမားကို မန်ယူအသင်းထက် လက်ဦးမှု ရယူပြီး ခေါ်ယူဖို့ ကြိုးစားလာတယ်လို့ မန်ချက်စတာ ညနေခင်းသတင်းစာက ရေးသားထားပါတယ်။

ရှက်တာဒိုးနက်အသင်းဟာ သူတို့ရဲ့ ကစားသမားကို ဈေးပေါပေါနဲ့ လက်လွှတ်မခံဘူးလို့ ဆိုထားတဲ့အတွက် မန်စီးတီးအသင်းရဲ့ ကမ်းလှမ်းလာမှုဟာ မက်မောစရာ အခြေအနေမှာ ရှိနေပါတယ်။
မန်စီးတီးဟာ ကွင်းလယ်လူ ဖာနန်ဒင်ဟိုကို လက်လွှတ်ခံရဖွယ် ရှိနေတဲ့နောက်မှာ ကွင်းလယ်ကစားသမား တစ်ယောက်ကို ပြန်ဝယ်ဖို့ ရှာဖွေနေပြီး အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ကိုလည်း ခေါ်ယူဖို့ သတင်းတွေ ထွက်နေပါတယ်။

မန်ယူအသင်းဟာလည်း ကွင်းလယ်ကစားသမား မိုက်ကယ်ကားရစ်ရဲ့ နေရာကို အစားထိုးနိုင်ဖို့အတွက် ရှက်တာဒိုးနက် ကစားသမား ဖရက်ကို အလိုရှိနေတာ ဖြစ်ပါတယ်။ဖရက်အနေနဲ့ ဇန်န၀ါရီ အပြောင်း အရွှေ့ဈေးကွက်မှာ ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

NN

Leave a Reply