အဆိုတော် ဟေမာနေဝင်းအနေဖြင့် ဗုဒ္ဓမြတ်စွယ်တော်၏ဝတ္တကမြေ ၊ဂေါပကအဖွဲ့၊နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့အပေါ်မဟုတ်မမှန်ထပ်မံပြောဆိုပါက ဥပဒေနှင်အညီအရေးယူမည်

0
86

ဧပြီ ၂
သော်လင်းထက်

ပဲခူးတိုင်းဒေသကြီး ၊လက်ပံတန်းမြို့နယ် ၊ဇီးဖြူကုန်းကျေးရွာရှိ ဗုဒ္ဓမြတ်စွယ်တော်ဝတ္တကမြေနှင့်ပတ်သက်၍ အဆိုတော် ဟေမာနေဝင်းအနေဖြင့် ဗုဒ္ဓမြတ်စွယ်တော်၏ဝတ္တကမြေ ၊ဂေါပကအဖွဲ့ နှင့် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့တို့အပေါ်မဟုတ်မမှန်ထပ်မံပြောဆိုမှုများရှိပါက ဥပဒေနှင်အညီအရေးယူမည်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင် ဦးမျိုးမြင့်အောင်ကပြောကြားသည်။

”ဒေါ်ဟေမာနေဝင်းကိုတော့ ကျွန်တော်တို့အနေနဲ့တရားစွဲဖို့မရှိပါဘူး။ဒါပေမယ့် ဒီနေရာကနေတစ်ခါတည်း သတိပေးတဲ့အနေမျိုးပြောမှာပါ။ဒိထက်မက ဗုဒ္ဓမြတ်စွယ်တော်ရဲ့ဝတ္တကမြေနဲ့ပတ်သက်လို့သော်လည်းကောင်း၊ဗုဒ္ဓမြတ်စွယ်တော် ဂေါပကအဖွဲ့နဲ့ပတ်သက်လို့သော်လည်းကောင်း၊နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့အဆင့်ဆင့်ကိုသော်လည်းကောင်း ထပ်ပြီးဆော်ကားပြောဆိုတာတွေရှိလာရင်တော့ ရပ်တန်းကရပ်ဖို့လိုတာပေါ့။ကျွန်တော်တို့က အဲ့ဒိအချိန်ကျရင် ဥပဒေနဲ့အညီ အရေးယူတာလုပ်ရမှာဖြစ်ပါတယ်”ဟု ဂေါပကအဖွဲ့ဝင် ဦးမျိုး မြင့်အောင်က ပြောကြားသည်။

ရန်ကုန်မြို့၊ဗဟန်းမြို့ရှိ တော်ဝင်နှင်းဆီခန်းမတွင်ပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး ၊လက်ပံတန်းမြို့နယ် ၊ဇီးဖြူကုန်းကျေးရွာရှိ ဗုဒ္ဓမြတ်စွယ်တော်ဝတ္တကမြေနှင့်ပတ်သက်၍ ယနေ့မွန်းလွဲပိုင်းက ပြလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ဂေါပကအဖွဲ့ဝင် ဦးမျိုး မြင့်အောင်က ပြောကြားသည်။

အဆိုတော်ဟေမာနေဝင်းနှင့်လူပုဂ္ဂိုလ်အချို့က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့၊မြတ်စွယ်တော်ဂေါပကအဖွဲ့တို့ကို မဟုတ်မမှန်စွပ်စွဲလုပ်ကြံကာ မတ် ၂၉ရက်က Orchid ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲတွင် ပြုလုပ်ခဲ့သည့်အပြင် ဘုရားပွဲဈေးအတွင် ပြည်သူများသွေးဆူလာစေရန်လှုံဆော်ခြင်း၊ဒေသခံမဟုတ်သုများကို ခေါ်ဆောင်ကာ ဘုရားပွဲဈေးပျက်စေရန်လုပ်ဆောင်ခဲ့ခြင်းကြောင့် လက်ရှိတွင် သီခြားတရားစွဲဆိုရန်မရှိသော်လည်း နောက်ဆုံအကြိမ်သတိပေးခြင်းဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။

”အဲ့ဒိအရပ်ဒေသက ပြည်သူပြည်သားတွေ သွေးဆူလာအောင် သွေးထိုးလှုံဆော်တာတွေရှိတယ်။အဲ့ဒိအတွက်ကတော့ ဒါကတိုင်းအစိုးရရဲ့ကိစ္စဖြစ်ပါတယ်။ကျွန်တော်တို့ ဂေါပကအဖွဲ့အနေနဲ့ကတော့ သီးခြားသူတို့ကိုတရားစွဲဆိုဖို့မရှိပါဘူး။ဒေါ်ဟေမာနေဝင်းကို ဘာကြောင့်ထည့်ပြောရလဲဆိုတော့ မဟုတ်မမှန်လီဆယ်လုပ်ကြံပြီးပြောဆိုတဲ့နေရာ ဒေါ်ဟေမာနေဝင်းက အရင်ဆုံးစပြောတာပါ။ဒါပေမယ့် မဟေမာက ပြည်သူချစ်တဲ့အနုပညာရှင်လဲဖြစ်တယ်။တကယ်အဖြစ်မှန်ကိုကောက်ယူလွဲနေလို့ ဒီလိုမျိုးပြောတယ်လို့ မှတ်ယူပါတယ်”ဟု ဂေါပကအဖွဲ့ဝင် ဦးမျိုး မြင့်အောင်က ဆက်လက်ပြောကြားသည်။

Leave a Reply