မိန်းကလေးငယ်(၁)ဦးအား မုန့်ကျွေးမည်ဟုပြောဆို၍ ပုဇွန်ကန်အတွင်း တွန်းချခဲ့သူအား အရေးယူထား

0
169

ဧပြီ ၃
ပဉ္စမလှိုင်း

မိန်းကလေးငယ် တစ်ဦးအား မုန့်ကျွေးမည်ဟုဆိုကာ ပုဇွန်ကန်အတွင်း တွန်းချခဲ့ပြီး သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဧပြီ ၂ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဦးမောင်အေး ပိုင်ဆိုင်သည့် ပုဇွန်ကန်ရေအလယ်၌ မိန်းကလေးငယ်(၁)ဦးအား ရေနစ်သေဆုံးနေသည်ကိုတွေ့ရှိ၍ ဆယ်ယူခဲ့ရာ ဒဏ်ရာများရရှိထား သဖြင့် စစ်တွေပြည်သူ့ ဆေးရုံကြီးသို့ ပို့အပ်ခဲ့ပြီး စုံစမ်းခဲ့သည်။

သေဆုံးသူမှာ အနောက်စံပြရပ်ကွက်နေ မမေမြတ်မွန်အောင်(ခ)ချစ်စု(၆)နှစ်ဖြစ်ပြီး ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က တစ်ရပ်ကွက် တည်းနေ မအေးသူဇာဝင်း(ခ)သူသူ(၂၄)နှစ်မှ မုန့်ကျွေးမည်ဟုပြောဆို၍ ခေါ်ဆောင်သွားပြီး အဆိုပါ ပုဇွန်ကန်အတွင်းသို့ တွန်းချခဲ့သဖြင့် ကန်အတွင်းရှိ ကျောက်များနှင့် မျက်နှာဆောင့်မိကာ ဒဏ်ရာများ ရရှိသေဆုံးသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မအေးသူဇာဝင်း အား အမြင့်ကျွန်း နယ်မြေ ရဲစခန်း(ပ)၁၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Leave a Reply