မြောက်ကိုရီးယားတိုက်စစ်မှူးကို ခေါ်ယူမယ့် ဂျူဗင်တပ်

0
176

ဇန်န၀ါရီ ၁၃ ၊ ၂၀၁၈
အီတလီစီးရီးအေကလပ်အသင်းကြီး ဖြစ်တဲ့ ဂျူဗင်တပ် အသင်းဟာ ကယ်ဂလီယာရီ အသင်းရဲ့ မြောက်ကိုရီးယား တိုက်စစ်မှူး ကွမ်ဆွန်ဟမ်ကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

အဆိုပါကစားသမားဟာ လက်ရှိမှာ အသက် ၁၉ နှစ်သာရှိသေးပြီး အထောင်တိုက်စစ်မှူးအဖြစ် အီတလီ စီးရီးဘီကလပ် ပီရူဂျီယာ အသင်းမှာ သွားရောက်ကနေတာ ဖြစ်ပါတယ်။ သူဟာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးပေးမှု ၁၉ ကြိမ်ကို ပြုလုပ်ထားနိုင်ပါတယ်။

သူဟာ စီရီးအေ ကစားသမားတွေထဲမှာ ပထမဆုံးသော မြောက်ကိုရီးယား ကစားသမား မဟုတ်ပေမယ့်လည်း အီတလီရဲ့ အဆင့်မြင့်တန်းပြိုင်ပွဲမှာ ဂိုးသွင်းထားနိုင်တဲ့ ပထမဆုံး မြောက်ကိုရီးယား ကစားသမားအဖြစ်တော့ မှတ်တမ်းတင်ထားနိုင်ပါတယ်။

ကွမ်ဆွန်ဟမ်ရဲ့ တိုးတက်နေတဲ့ ခြေစွမ်းတွေကို ကြည့်ပြီး ဂျူဗင်တပ်အသင်းဟာ လာမယ်နှစ်ဘောလုံးရာသီမှာ စာချုပ်ချုပ်ဆို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ အီတလီ အားကစား သတင်းတွေက ဖော်ပြကြပါတယ်။

ဂျူဗင်တပ်အသင်းအနေဖြင့် ကွမ်ဆွန်ဟမ်ကို အရခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ အာရှဈေးကွက်မှာ ဂျူဗင်တပ်အသင်းရဲ့ စီးပွားရေးဈေးကွက် ကို ချဲ့ထွင်နိုင်လိမ့်မယ်လို့ အီတလီ မီဒီယာတွေက သုံးသပ်နေကြ ပါတယ်။

NN

Leave a Reply