မြန်မာလုပ်သားတွေနဲ့ ကလေးငယ်တစ်ယောက် ထိုင်းကအပြန်မှာမေ့မျော

0
36

ဧပြီ ၃
နိုင်ငံတကာသတင်း

ဗုဒ္ဓဟူးနေ့မှာသင်္ကြန်ရုံးပိတ်ရက်အတွက် ထိုင်းကနေမြန်မာနိုင်ငံကို ပစ္စည်းတွေအပြည့်အသိပ်တင်လာတဲ့ဗန်ကားနဲ့ပြန်လာတဲ့ မြန်မာနိုင်ငံသား ၁၁ ယောက်မေ့မျောကုန်လို့ မိုနိုရွန်ခရိုင်ခွဲက ဆေးရုံကိုပို့ခဲ့ရပါတယ်။

ယောက်ကျား ၈ ယောက်၊ မိန်းမ ၂ ယောက်နဲ့ တစ်နှစ်သားကလေးတစ်ယောက်တို့က ထိုင်းတောင်ပိုင်း၊ ဆူရတ်သာနီခရိုင်ကနေ တတ်ခရိုင်က မဲဆောက်မြို့ကို ကားငှားခဲ့တာလို့ အသက် ၄၃ နှစ်အရွယ်ယာဉ်မောင်း ပရာခန်း သောင်ဖီချစ်ကပြောပါတယ်။

တစ်ယောက်တစ်ယောက်စီမှာ ခရီးဆောင်အိတ်တွေအများကြီးပါလို့ အိတ်တွေပြည့်သိပ်ခဲ့တယ်လို့လည်း ပြောပါတယ်။

အိတ်တွေမတင်ခိုင်းရင်လည်း သူ့ကားကိုမငှားတော့မှာစိုးရိမ်လို့ ခွင့်ပြုပေးခဲ့ရတယ်ဆိုပြီး ပရာခန်းကပြောပါတယ်။

အမှတ် ၃၂ အဝေးပြေးလမ်းမရဲ့ကီလိုမီတာတိုင် ၁၄၇ ကိုအရောက်မှာ ခရီးသည်တချို့စပြီး အော့အန်ကုန်ပြီး သူနှိုးတဲ့လူတချို့ကလည်း စကားမပြန်လို့ ကားရပ်ပြီး လေ၀င်အောင်တံခါးတွေဖွင့်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ကို အသိပေးခဲ့ပြီး သူတို့ကိုဆေးရုံပို့ပေးခဲ့ရပါတယ်။

အိတ်တွေပြည့်နေတဲ့ကားထဲမှာ လေမရှိတော့လို့ အခုဖြစ်ရပ်ဖြစ်ခဲ့တာလို့ ယူဆနေကြပါတယ်။

Source-Bangkok Post

#ဥက္ကာ
#TheFifthWaveNews
Photo-Bangkok Post

Leave a Reply