စစ်တွေမြို့ရှိ မြေဖို့မြေယာစီမံကိန်းမှ မြေကွက်များကို သောင်းဂဏန်းဈေးဖြင့် ရောင်းချပေးမည်

0
126

ဧပြီ ၎
ဝေဝေဖြိုး

စစ်တွေမြို့ရှိ မြေဖို့မြေယာစီမံကိန်း(ဂရန်အမည်ပေါက်) မြေကွက်များကို တစ်စတုရန်းပေလျှင် သောင်းဂဏန်း ဈေးဖြင့်သာ ရောင်းချပေးမည်ဖြစ်ကြောင်း iMyanmarHouse.comမှသိရသည်။

ယင်းစီမံကိန်းသည် စစ်တွေမြို့လယ်ခေါင်နှင့် ဘေးချင်းကပ် တည်ရှိကာ နောက်သုံးနှစ်အတွင်း စစ်တွေမြို့လယ် ဖြစ်လာမည်ဖြစ်ပြီး စစ်တွေမြို့လယ် မြေဈေး တစ်စတုရန်းပေ (၂) သိန်းမှ (၅) သိန်းဖြစ်နေချိန်တွင် ထိုစီမံကိန်းမှ မြေကွက်များကို တစ်စတုရန်းပေ သောင်းဂဏန်းဈေးဖြင့်သာ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

“ဒီစစ်တွေ မြေဖို့မြေယာစီမံကိန်းဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုး တက်ရေးအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ရှိမှာဖြစ်ပါတယ်။ နိုင်ငံတကာ အဆင့်မီ ဟော်တယ်တွေ ၊ စားသောက်ဆိုင်တွေ ၊ ကွန်ဒိုအခန်းတွေ ၊ စုပေါင်းအိမ်ရာတွေ ၊ ကုန်သွယ်မှု စီးပွားရေးဇုန်တွေ ပေါ်ပေါက်လာနိုင်တာကြောင့် ရခိုင်ဒေသရဲ့ အထူးစီးပွားရေးဇုန်အဖြစ် တည်ရှိလာမှာ ဖြစ်ပါတယ်”ဟု iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။

စစ်တွေမြေကွက်စီမံကိန်းသည် ရခိုင်ပြည်နယ်အစိုးရနှင့် ကိုရီးယားကုမ္ပဏီ BXT International Co., Ltd. တို့မှ အကျိုးတူပူးပေါင်း ဖော်ဆောင်ထားခြင်းဖြစ်ပြီး
ဝယ်ယူသူများအတွက် ရခိုင်ပြည်နယ်အစိုးရမှ ဂရန်မြေ ထုတ်ပေးမည်ဖြစ်ကြောင်း iMyanmarHouse.com မှ သတင်းထုတ်ပြန်ထားသည်။

ယင်းစီမံကိန်းထဲတွင် စုပေါင်းအိမ်ရာ (Mix Housing) ၊ လက်လီလက်ကားဈေးကွက် (Retail Wholesale Market) ၊ အလယ်အလတ်အမြင့်ရှိသော ကွန်ဒိုမီနီယံများ (Mid-Rise Condominium) ၊ ဂိုဒေါင်နှင့် ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ (Warehouse and Logistics Facilities) ၊ ကုန်သွယ်မှု စီးပွားရေးဇုန် (Commercial Area) ၊ ငါးစက်ရုံများ (Fish Factory) အစရှိသော စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြုပ်နှံနိုင်မည် ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းသည် ၂၀၁၆ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကာ စစ်တွေ မြေဖို့မြေယာ စီမံကိန်းတွင် စင်ကာပူနိုင်ငံ၏ မြေဖို့ခြင်းနည်းပညာကို အသုံးပြုထားပြီး ကွန်ကရစ် ရေတားနံရံ (Retaining Wall) များ ထည့်သွင်းတည်ဆောက်ထားသဖြင့် မြေသားခိုင်မာမှု ရှိကြောင်းသိရသည်။

စစ်တွေမြေဖို့မြေယာစီမံကိန်း၏ အဓိကအားသာချက်များမှာ မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းများတင်ပို့ရာ အဓိက ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်လာနိုင်ခြင်း ၊ ပင်လယ်ကိုမျက်နှာ မူထားသည့် အိမ်ရာတိုက်ခန်းများတွင် အဆင့်မီမီ ဇိမ်ရှိရှိ နေထိုင်နိုင်ခြင်း ၊ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းများ တိုးများလာနိုင်ခြင်း ၊ ရခိုင်ပြည်နယ်အတွင်း အဆင့်မီ မြို့တော်တစ်ခုအဖြစ် ထွက်ပေါ်လာခြင်းကြောင့် လာရောက်နေထိုင် ရင်းနှီးမြုပ်နှံသူများအတွက် စီးပွားရေးအခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ခြင်း ၊ စက်မှုမြို့ဖြစ်သည့် ပုဏ္ဏားကျွန်းမြို့တော်နှင့် ဆတ်ရိုးကျတံတား ဖွင့်ပြီးပါက မိနစ် (၃၀) ခန့်ဖြင့်သာ သွားလာနိုင်ခြင်း ၊ လူမှုစီးပွား အားသာချက်များအပြင် MPA ဆိပ်ခံတံတား နှင့် Kaladan Multi-Modal Transit Transport Project (KMTTP) စီမံကိန်းတို့ကို ထောက်ပံ့ပို့ဆောင်ရေး မဏ္ဍိုင်ဒေသတစ်ခု ဖြစ်လာနိုင်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ် ငှားဝဘ်ဆိုက်ဖြစ်သောiMyanmarHouse.com မှ ကြီးမှူး၍ စစ်တွေမြို့ မြစ်ကမ်းတစ်လျှောက်ရှိ ရခိုင်ပြည်နယ်အစိုးရနှင့် BXT International Co., Ltd တို့ အကျိုးတူပူးပေါင်းဖော်ဆောင်နေသည့် စစ်တွေမြို့ရှိ မြေဖို့မြေယာစီမံကိန်း (ဂရန်အမည်ပေါက်) မြေကွက် အထူးအရောင်းပြပွဲကြီးကို ယခုနှစ် ဧပြီလ ၆ ရက် နှင့် ၇ ရက်နေ့များတွင် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ နှင့် ရန်ကုန်မြို့ ၊ ဆီဒိုးနားဟိုတယ်တို့တွင် တပြိုင်နက်တည်း ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

Leave a Reply