အင်္ဂလန်ပရီးမီးယားလိဂ်မှာ လာကစားဖို့ စိတ်ဝင်စားနေတဲ့ အီရှာဝီ

0
148

ဇန်န၀ါရီ ၁၃ ၊ ၂၀၁၈

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်သော ရိုးမားအသင်းရဲ့ တိုက်စစ်မှူး အီရှာဝီဟာ ဇန်န၀ါရီအပြောင်းအရွှေ့မှာ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းတွေဆီကို ပြောင်းရွှေ့ဖို့ စိတ်ကူးနေပါတယ်။

အီရှာဝီဟာ ဘယ်တောင်ပံတိုက်စစ်၊ ညာတောင်ပံတိုက်စစ်နဲ့ နံပါတ် ၁၀ နေရာတွေမှာ ကျွမ်းကျင်စွာ ကစားနိုင်ပြီး အင်အားကို အသုံးပြုပြီး ကစားလေ့ရှိတဲ့ ပရီးမီးယားလိဂ်အသင်းတွေနဲ့ အံဝင်ဂွင်ကျဖြစ်စေမယ့် ကစားသမားမျိုးလည်း ဖြစ်ပါတယ်။

အဆိုပါ အီတလီ တိုက်စစ်မှူးဟာ ၂၀၁၆ ခုနှစ်မှာ ပြင်သစ်ကလပ် မိုနာကို အသင်းမှာ သွားရောက်ကစားခဲ့ပြီး ယမန်နှစ်ကတော့ အီတလီစီးရီးအေကလပ်ဖြစ်တဲ့ အေစီမီလန်အသင်းမှာ ကစားခဲ့သူ ဖြစ်ပါတယ်။

သူဟာ လက်ရှိမှာတော့ ရိုးမားအသင်းနဲ့အတူ ၂၄ ပွဲ ၀င်ရောက် ကစားထားပြီး ၆ ဂိုးသွင်းယူကာ ဂိုဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားသူ ဖြစ်ပါတယ်။

NN

Leave a Reply