ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် စာရေးဆရာထင်လင်းဦးတို့၏ ဟောပြောပွဲကို အမျိုးသားရေးလှုပ်ရှားသူများကန့်ကွက်

0
221

ဧပြီ ၅
ကျော်သူမြင့်

တောင်ဥက္ကလာမြို့နယ်၊ သုမင်္ဂလာပန်းခြံတွင် ဧပြီ (၇)ရက်တွင် ပြုလုပ်မည့် ဟောပြောပွဲတွင် ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် စာရေးဆရာ ထင်လင်းဦးတို့က ဟောပြောမည်ဖြစ်ပြီး အဆိုပါဟော ပြောပွဲကို အမျိုးသားရေးလှုပ်ရှားသူများက ကန့်ကွက်ခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့ကန့်ကွက်ရတာက ကိုနေမျိုးဇင်က တပ်ရယ်၊ ပြည်ထဲရေးကို ပြည်သူနဲ့ သွေးခွဲတဲ့စ ကားတွေဟောပြောတယ်။ စာရေးဆရာထင်လင်းဦးကတော့ ဘာသာသာသနာကို စော်ကားတဲ့ဖူး တဲ့ လူဖြစ်တယ်။ ပထမပြန်စာမေးပွဲကလဲရှိတယ် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာမှာစိုးလို့ ကန့်ကွက်တာပါဟု”ဟု ကန့်ကွက်သူ ဦးကြည်လွင်က ပြောသည်။

ကန့်ကွက်စာသုံးစောင်ကို တောင်ဥက္ကလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ယနေ့နံနက် ပိုင်းက သွားရောက်ပေးပို့ခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့ အမျိုးသားရေးတပ်ပေါင်းစုရယ်၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ၊ မြို့ခံလွှတ် တော်ကိုယ်စားလှယ်ဟောင်းက ကန့်ကွက်စာသွားပို့ခဲ့တယ်”ဟု ၎င်းက ပြောသည်။

ဟောပြောပွဲစီစဉ်သူထံ ထွေအုပ်ရုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့က အဆိုပါကိစ္စအား အကြောင်းကြားခဲ့ သည်ဟု ဦးနေမျိုးဇင်က ပြောသည်။
“သူတို့က ပွဲတိုင်းကိုလိုက်ကန့်ကွက်နေကျတာ။ ပွဲစီစဉ်တဲ့သူကို စစ်တပ်ကို ထိခိုက်စေတာတွေ မပြောဖို့ အကြောင်းကြားတယ်”ဟု ဦးနေမျိုးဇင်က ပြောသည်။

ပြီးခဲ့သည့် ဧပြီ(၁)ရက်က ပြုလုပ်ခဲ့သည့် အဖျောက် မြို့နယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟောပြောပွဲတွင် ဦးနေမျိုးဇင်၏ ဟောပြောချက်များကြောင့် အများပြည်သူအကျိုးပျက်စီး စေမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)(ခ) တို့ဖြင့် တရားစွဲဆိုထားသည်။

စာရေးဆရာထင်လင်းဦးသည် ၂၀၁၅ ခုနှစ်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲတစ်ခုတွင် ဟောပြောခဲ့မှုသည် သာသနာညှိုးနွမ်းစေသည့် ဟောပြောချက်များ ပါဝင်ခဲ့ သည်ဟုဆိုကာ ယင်းမြို့နယ် သာသနာရေးဦးစီးဌာနမှူး ဦးထွန်းထွန်းခိုင်က တရားလိုပြုလုပ်တိုင် ကြားခံခဲ့ရပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခြင်းခံခဲ့ရသည်။

Leave a Reply