ထီးတော်မိုး စစ်တပ်အနီး ယာဉ်နှစ်စီး တိုက်မိ လူ (၁) ဦးသေဆုံး

0
95

ဧပြီ ၇
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မန္တလေး – မိုးကုတ် ကားလမ်း ထီးတော်မိုး စစ်တပ်အနီး ဧပြီလ ၇ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ယာဉ်နှစ်စီး တိုက်မိရာ လူ (၁) ဦးသေဆုံးခဲ့ကြောင်း ကနဦး သိရသည် ။

ဖြစ်စဉ်မှာ မန္တလေး – မိုးကုတ် ကားလမ်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင်လာသည့် ခြောက်ဘီးယာဉ် နှင့် ဘက်ဟိုးသယ်ဆောင်လာသည့် တွဲကားတို့ တိုက်မိခြင်းဖြစ်ကာ တွဲကားပေါ်မှ ယာဉ်နောက်လိုက်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း တိုက်မှုဖြစ်သည့်နေရာ အနီးအနားရှိဒေသခံတစ်ဦး က ပြောသည် ။

“ခြောက်ဘီးက အရှိန်ပြင်းတယ် ။ ကားအဖြူလေးကို ရှောင်လိုက်တာ တွဲကားနဲ့ တိုက်မိတာပဲ ။တွဲကားပေါ်က စပါယ်ယာကတော့ သေသွားတယ်။´´ ဟု တိုက်မှုဖြစ်သည့်နေရာ အနီးအနားရှိ လက်ဖက်ရည်ဆိုင်မှ အမျိုးသမီး တစ်ဦး က ပြောသည် ။

ထို့အပြင် ခြောက်ဘီးယာဉ်ပေါ်မှ ယာဉ်နောက်လိုက်လည်း ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည် ။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် မန္တလေး – မိုးကုတ် ကားလမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့ခဲ့ပြီး ည (၈) ကျော်အချိန်တွင် ဖယ်ရှားရှင်းလင်းပြီးစီးခဲ့သည် ။

Leave a Reply