ကွမ်းယာ​ဖိုး အကြွေးတောင်းရာမှ လူသတ်​မှုဖြစ်​ပွား

0
19

ဧပြီ ၆
သော်​လင်းထက်

ကွမ်းယာ​ကြွေး​ခြောက်​​ထောင်​ဖိုး ​တောင်းရာမှ လူသတ်​မှုတစ်​ခု ပြီးခဲ့သည့်​ ဧပြီ၅ရက်​​နေ့က ရန်​ကုန်​တိုင်း​​ဒေသကြီး ​ကျောက်​တန်းမြို့နယ်​တွင်​ဖြစ်​ပွားခဲ့​ကြောင်း ရန်​ကုန်​တိုင်း​ဒေသကြီးရဲတပ်​ဖွဲ့မှသိရသည်။

ဖြစ်​စဉ်​မှာ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့၊ အနောက်ပိုင်းရပ်ကွက်နေ ဒေါ်—-သည် ဧပြီ ၅ရက်​ ည၁၀နာရီ ၂၂မိနစ်​ အချိန်တွင် နေအိမ်၌ရှိနေစဉ် ၎င်း၏သားဖြစ်သူ ခင်မောင်ချိုမှာ တစ်ရပ်ကွက်တည်းရှိ လမ်းမတော်လမ်း၊ ဘီယာမလေး စားသောက်ဆိုင်အနီးတွင်သေဆုံးနေကြောင်း ကြားသိရ၍သွားရောက်ကြည့်ရှုရာ လည်ပင်းထိုးသွင်းဒဏ်ရာဖြင့် မှောက်လျက်သေဆုံးနေကြောင်း တွေ့ရ၍အခင်းဖြစ်နေရာလမ်းဘေးရှိ ကွမ်းယာရောင်းသူ ကျော်ဟန်ဆိုသူမှ ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ကျော်ဟန်အား အရေးယူပေးပါရန် ကျောက်တန်းမြို့မရဲစခန်းသို့ အမှုဖွင့် တိုင်တန်းခဲ့သည်​။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အခင်းဖြစ်ရာနေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူ
ခင်မောင်ချိုအား ကွမ်းယာဆိုင်ပိုင်ရှင် ကျော်ဟန်မှ ကွမ်းယာဖိုး အကြွေး(၆၀၀၀)ကျပ် တောင်းခဲ့ရာ ‘‘အကြွေးရချင်ရင် လိုက်ခဲ့” ဟု ပြောဆိုသဖြင့် ကျော်ဟန်က ခင်မောင်ချို၏နောက်သို့ လိုက်သွား ခဲ့ကြောင်း၊ အခင်းဖြစ်နေရာအရောက်တွင် ခင်မောင်ချိုမှ အသင့်ပါလာသော အရိုးအသွား (၆)လက်မခန့်ရှိသည့်ဓါးဖြင့် ကျော်ဟန်အား ထိုးခဲ့ရာကျော်ဟန်တွင် ယာဘက်လက်သန်းအရင်း၌ ပြတ်ရှဒဏ်ရာ (၁)ချက်ရရှိခဲ့ကြောင်း၊ ကျော်ဟန်က ယာလက်ဖြင့်ကာပြီး ပြန်လည်ခုခံရာမှခင်မောင်ချို၏ လည်ပင်း အကျယ်(၁)လက်မခွဲခန့် ထိုးသွင်း ဒဏ်ရာ(၁)ချက် ရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌မှောက်လျက်အနေအထားဖြင့် လဲကျသေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ရန်​တိုင်း​ဒေသကြီးရဲတပ်​ဖွဲ့ကထုတ်​ပြန်​ထားသည်​။

ပြစ်​မှုကျူးလွန်​သူ ​ကျော်​ဟန်​အား ကျောက်တန်းမြို့နယ်၊ ပီလခက်ကျေးရွာတွင်​ အခင်းဖြစ်​ည ၁၁နာရီ ၅၀မိနစ်​တွင်​ဖမ်းဆီးရမိခဲ့ပြီး အ​ရေးယူနိုင်​ရန်​​ဆောင်​ရွက်​လျက်​ရှိ​ကြောင်းသိရသည်​။

Leave a Reply