ကာ/လုံ ဖျက်သိမ်းရေး ရခိုင်အမျိုးသားပါတီအဆိုပြု

0
27

ဧပြီ ၂၂
ယဉ်ကေနွယ်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၅ ပုဒ်မ ၂၀၁ တွင် ပါရှိသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းကို ပယ်ဖျက်နိုင်ရေးအတွက် ယနေ့ ကျင်းပပြုလုပ်သည့် ခြေဥပြင်ဆင်ရေးပူးပေါင်းကော်မတီ အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီမှ အဆိုပြုထားကြောင်း ပေါက်တောမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ပြောသည်။

“ဖျက်သိမ်းခိုင်းတဲ့ အကြောင်းကတော့ သမ္မတ ကို ဒီပါဝါပေးတယ်။လုံခြုံရေးကိစ္စ ကာကွယ်ရေးကိစ္စ တွေညှိနှိုင်းစရာရှိရင် သမ္မတကနေ Incheck လုပ်ပြီး ကျန်တဲ့ အဖွဲ့အစည်းတွေနဲ့ ညှိပြီး ကာလုံရယ်လို့ သက်သက်မရှိတော့ဘူး။ ဒီသဘောပဲ”ဟု ဦးအောင်ကျော်ဇံ ကပြောသည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်ရှိ D ဆောင်တွင် ကျင်းပပြုလုပ်သည့် ခြေဥပြင်ဆင်ရေးပူးပေါင်းကော်မတီ ၉ ကြိမ်မြောက် အစည်းအဝေးအပြီးတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဦးအောင်ကျော်ဇံမှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သမ္မတသည် နိုင်ငံတော်၏အထွတ်အထိပ်ဖြစ်သည့် အတွက် ၎င်း တို့ အသိုင်အ၀ိုင်းမှ ဆုံးဖြတ်ရမည့် ကိစ္စအား ကာလုံ တစ်ခုတည်းအား ပေးထားရန်မကောင်းကြောင်း၊ထို့ပြင် ကာလုံအား Force Power မပေးသင့်ကြောင်း ဦးအောင်ကျော်ဇံက ပြောသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း ပေးအပ်လာသည့် တာဝန်များအားထမ်း ဆောင်နိုင်ရန်အတွက် သမ္မတဦးဆောင်၍ ဒုတိယသမ္မတ ၂ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ၊အမျိုးသားလွှတ်တော်ဥက္ကဌ ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ၊ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီးတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ယနေ့ ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၅ အား စတင်ဆွေးနွေးရာ ပုဒ်မ ၂၃၅ အထိ ဆွေးနွေးပြီးစီးခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးခဲ့သည့် ပုဒ်မ များတွင် ပါတီအသီးသီးမှ ပြင်ဆင်ချက်များ၊ အကြံပြုချက်များစွာ တင်သွင်းခဲ့ကြောင်း မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် ၄ မှ ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။

ပြည်ထောင်စုလွှတ်တော်မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ခြေဥပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းကော်မတီကို အဖွဲ့ဝင် ၄၅ ဦးဖြင့် ဖွဲ့စည်းပေးခဲ့ရာ ပူးပေါင်းကော်မတီ၏အစီရင်ခံစာများကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

 The Fifth Wave ရဲ့ သတင်းတွေကို Myanmar Social Platform တစ်ခုဖြစ်တဲ့ OKPar App မှာလည်း ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။

Android ဖုန်းများအတွက် PlayStore မှာ Okpar Social လို့ရှာပြီး download ဆွဲ အသုံးပြုလို့ရပါပြီ။
https://play.google.com/store/apps/details?id=org.okpar

 iOS ဖုန်းများအတွက် App Store မှာ Okpar လို့ရှာပြီး download ဆွဲ အသုံးပြုလို့ရပါပြီ။
https://itunes.apple.com/us/app/okpar/id1448564474?mt=8

 OKPAR Social Network Fb Page တွင်လည်း OkPar အသုံးပြုနည်းများကို ဖတ်ရှုမေးမြန်းနိုင်ပါတယ်။

#TheFifthWaev

Leave a Reply