အလုံမြို့နယ်တွင် အမျိုးသမီးတစ်​ဦးအား လည်​ပင်းဓားနှင့်​လှီးပြီး ဆွဲကြိုးလုယက်​မှုဖြစ်​ပွား

0
113

ဧပြီ ၂၂
သော်လင်းထက်

အလုံမြို့နယ် ငုဝါလမ်း တိုက်အမှတ် (၇၈) တွင် ယနေ့မနက် (၇:၁၀) ခန့်က ဈေးမှပြန်လာသော အမျိုးသမီးတဦး လည်ပင်းကိုဓါးနဲ့လှီး၍ ရွှေဆွဲကြိုးလုယက်မှုတစ်​ခုဖြစ်​ပွားခဲ့​ကြောင်း အလုံမြို့မရဲစခန်းမှသိရသည်​။

ပြစ်​မှုကျူးလွန်​သူသည်​ အသက် (၆၀)ကျော်အမျိုးသမီး နောက်မှ လိုက် လာ၍ ငုဝါလမ်း၊ တိုက်အမှတ် (၇၈) ပထမထပ်အရောက်တွင် လည်​ပင်းဓါးနဲ့လှီးကာ ဆွဲကြိုးလုယူသွားခြင်းဖြစ်ပြီး ကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိဘဲ ကျောင်းလမ်း အတွင်းသို့ပြေးဝင်သွားခဲ့ကြောင်းသိရသည်။

“ဖြစ်​တာ​တော့ဟုတ်​ပါတယ်​။ အဲ့ဒီကိစ္စအတွက်​ စခန်းမှူးတို့ အဖွဲ့​တွေစစ်​​ဆေး​ဆောင်​ရွက်​​နေတုန်းရှိ​သေးတယ်​။ ပအမှု​တ​တော့​မဖွင့်​ရ​သေးပါဘူး”ဟု အလုံမြို့မရဲစခန်းမှတာဝန်​ရှိသူတစ်​ဦးက​ပြောသည်​။

ထို့ပြင်​ လည်းပင်းကိုဓါးဖြင့်လှီးခံရသည့် အဆိုပါအမျိုးသမီးမှာ စိုးရိမ်ရသည့်ဒဏ်​ရာရရှိ​ခဲ့​သော​ကြောင့်​ ရန်​ကုန်​​ဆေးရုံကြီးသို့​ပို့​ဆောင်​ထား​ကြောင်း သိရသည်​။

#TheFifthWave

Leave a Reply