မြမြ ဆိုသူ၏ ဝိဥာဉ်​ဝင်​ပူးပြီး ​ပြောဆိုသည့်​ လူသတ်​ မုဒိမ်း အ​လောင်း​ဖျောက်​မှု မဟုတ်​မှန်​ဟုဆို

0
216

ဧပြီ ၂၃
သော်လင်းထက်

တောင်​ဒဂုံမြိုနယ်​ ၁၀၇ ရပ်​ကွက်​အတွင်​ နှစ်​ဆန်းတစ်​ရက်​​နေ့က မြမြဆိုသူ၏ ဝိဥာဉ်ဝင်​​ရောက်​ပူးကပ်​​ပြောဆိုခဲ့သည့်​ လူသတ်​ မုဒိမ်းအ​လောင်း​ဖျောက်​မှုသည်​ မဟုတ်​မှန်​​ကြောင်း ​၁၀၇ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူး က​ပြောသည်​။

“ရာအိမ်​မှူးက လှမ်းသတင်းပို့​တော့ ကိုယ်​​တွေကိုယ်​တိုင်​လိုက်​ရှာတယ်​ စခန်းမှူးလည်းလှမ်​အ​ကြောင်းကြားလိုက်တယ်​။ပထမပတ်​ဝန်းကျင်​က လူ​တွေနဲ့ရာအိမ်​မှူးဆယ်​အိမ်​မှူး​တွေနဲ့လိုက်​ရှာတယ်။ဘာမှမ​တွေ့ရဘူး။၁၀နာရီ​လောက်​မှ စခန်းမှူးတို့အဖွဲ့​ရောက်​လာတယ်။ မီးမလင်းတဲ့မှတ်​တိုင်​​တွေကို​သေချာမှတ်​သားပြီး​တော့ရှာတယ်။ ​မ​တွေ့ဘူး။သေတာကြာပြီဆိုရင်​ အပုတ်​နံထွက်​ရမယ်။ အပုတ်​နံလည်းမရဘူး။ဒီ​နေ့​ကျောက်​စိမ်းစက်​ရုံကို ကျွန်​​တော်​တို့ရယ်​ စခန်းမှူးရယ်​သွားပြီး လူစာရင်းစစ်​​ဆေးတယ်။ မြမြဆိုတဲ့သူ နာမည်​မ​တွေ့ရဘူး။ အခုကျွန်​​တော်​တို့ဒီကိစ္စမဟုတ်​မှန်​​ကြောင်း မြို့နယ်​ကိုတင်ထားပြီ”ဟု ၁၀၇ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးက​ပြောသည်​။

၁၀၇ ရပ်​ကွက်​အတွင်း နှစ်​ဆန်းတစ်​​ရက်​​နေ့တွင်​ ပရိတ်​တရားနာစဉ်​ မဇာခြည်​လွင်​ဆိုသူအား ရုတ်​တရက် ​မြမြဆိုသည့်​ ဝိဥာဉ်​ဝင်​ပူး၍ ၄င်းအား သင်္ကြန်​အကြို​နေ့တွင်​ လည်​ပြီးပြန်​လာစဉ်​ Sweety Home စက်​ရုံမှ အမျိုးသားလုပ်​သား၃ဦးမှ အတင်းဆွဲ​ခေါ်၍မုဒိန်းကျင့်​ခဲ့ပြီး ဓားများဖြင့်​ခုတ်​ထစ်​ကာ အ​​လောင်းအား ​မီမလင်းသည့်​ဓာတ်​တိုင်​ခြုံပုတ်​နားရှိ ​မြောင်း၏သုံ​ပေ​နေရာတွင်​မြုပ်​ထားသည်​ဟု ​ပြောဆိုခဲ့သည်​။

ယ​ခုအကိစ္စနှင့်​ပတ်​သက်​၍ ဆိုရှယ်​မီဒီယာအသုံးပြုသူများ စိတ်​ဝင်​စားလျက်​ရှိပြီး တာဝန်​ရှိသူများမှ စုံစမ်းရာတွင် ယ​နေ့နံနက်​နာမည်​စာရင်းများအားစစ်​​ဆေးရာ ​ကျောက်​စိမ်းဖိနပ်​စက်​ရုံတွင်​ မြမြဆိုသည့်​နာမည်​မရှိ​ကြောင်းသိရသည်​။

Leave a Reply