အင်အားရှိသည့် အသင်းကောင်းတစ်သင်းဖြစ်ရန် ပစ်မှတ်ထားဟု မြန်မာလက်ရွေးစင် နည်းပြသစ်ပြောဆို

0
160

ဧပြီ ၂၃
ကျော်သူမြင့်

အာဆီယံဒေသတွင်းတွင် အင်အားရှိသည့် အသင်းကောင်းတစ်သင်းဖြစ်ရန် ပစ်မှတ်ထားကြောင်း မြန်မာလက်ရွေးစင်အသင်းနည်းပြသစ်ဖြစ် ခန့်အပ်ခြင်းခံရသည့် မွန်တီနီဂရိုနိုင်ငံသားနည်းပြ ရာဂျူ လိုဗစ်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးတွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြော ဆိုလိုက်သည်။

“၁၉ လဆိုတဲ့အချိန်အတွင်းမှာ ဘာလုပ်ပြနိုင်မလဲပဲစဉ်းစားတယ်။ အင်အားရှိတဲ့ အသင်းဖြစ်ဖို့ ပစ်မှတ်ထားတယ်”ဟု ရာဂျူလိုဗစ်က ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် နည်းပြရာဂျူလိုဗစ်တို့သည် ၁၉ လ သက်တမ်းရှိ သည့် စာချုပ် ချုပ်ဆိုခဲ့ကြပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ အာရှဖလားခြေစစ်ပွဲများ အောင်မြင်ရေးနှင့် Suzuki Cup ပြိုင် ပွဲများအောင်မြင်ရေးအတွက် ပြစ်မှတ်ထားကြောင်းသိရသည်။

မြန်မာလက်ရွေးစင်အသင်းနည်းပြရာထူးအတွက် လျောက်ထားသူ ၅၅ ဦးရှိသည့်အား ၃ လကျော် ကြာစီစစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

ရာဂျူလိုဗစ်သည် ဥရောပအသင်းများတွင် ကိုင်တွယ်ခဲ့ဖူးသည့် အတွေ့အကြုံရှိပြီး နောက်ဆုံးကိုင် တွယ်ခဲ့သည့် လက်ဘနွန်လက်ရွေးစင်အသင်းအား ၄ နှစ်အတွင်း ကမ္ဘာ့အဆင့် ၁၄၀ ကျော်မှ ၇၇ အထိ တိုးတက်အောင်ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။

မြန်မာလက်ရွေးစင်အသင်းအား နိုင်ငံတကာခြေစမ်းပွဲ ၂ ပွဲကစားရန် စီစဉ်လျက် ရှိ ပြီး ကြံခိုင်မှုနှင့် နည်စနစ်ပိုင်းအား အဓိကပြင်ဆင်သွားမည်ဟု နည်းပြသစ်က ပြောသည်။

နည်းပြသစ်နှင့်အတူ မွန်တီနီဂရိုနိုင်ငံသား ဗလာဒီမာက လက်ထောက်နည်းပြအဖြစ် လက်ရွေးစင် အသင်းအား ကိုင်တွယ်သွားမည်ဖြစ်သည်။

Leave a Reply