မုဒိမ်းကျင့်သတ်ဖြတ်ခံရသည်ဆိုပြီး ဝိဥာဉ်ဝင်ပူးပြောပြသည့် “မြမြ” အကြောင်း ဒါရိုက်တာညိုမင်းလွင် ရုပ်ရှင်ရိုက်ကူးမည်

0
123

ဧပြီ ၂၄
ပဉ္စမလှိုင်း

တောင်​ဒဂုံမြိုနယ်​ ၁၀၇ ရပ်​ကွက်​အတွင်​ နှစ်​ဆန်းတစ်​ရက်​​နေ့က မြမြဆိုသူ၏ ဝိဥာဉ်ဝင်​​ရောက်​ပူးကပ်​​ပြောဆိုခဲ့သည့်​အကြောင်း ရုပ်ရှင်ရိုက်ကူးသွားမည်ဟု ဒါရိုက်တာ ညိုမင်းလွင် က ၎င်း facebook တွင် ရေးသားထားသည်။

“Facebook ပေါ်က ရေပန်းစားသောကိစ္စများကို
ဝင်ပါလေ့မရှိသော်လည်း ယခုတစ်ကြိမ်မှာတော့ တရားဝင်ကြေငြာပါသည်၊ ကျွန်တော် ” မြမြ ” အကြောင်းကို ရုပ်ရှင်ရိုက်ပါမည်” ဟု ရေးသားထားသည်။

၁၀၇ ရပ်​ကွက်​အတွင်း နှစ်​ဆန်းတစ်​​ရက်​​နေ့တွင်​ ပရိတ်​တရားနာစဉ်​ မဇာခြည်​လွင်​ဆိုသူအား ရုတ်​တရက် ​မြမြဆိုသည့်​ ဝိဥာဉ်​ဝင်​ပူး၍ ၄င်းအား သင်္ကြန်​အကြို​နေ့တွင်​ လည်​ပြီးပြန်​လာစဉ်​ Sweety Home စက်​ရုံမှ အမျိုးသားလုပ်​သား၃ဦးမှ အတင်းဆွဲ​ခေါ်၍မုဒိန်းကျင့်​ခဲ့ပြီး ဓားများဖြင့်​ခုတ်​ထစ်​ကာ အ​​လောင်းအား ​မီမလင်းသည့်​ဓာတ်​တိုင်​ခြုံပုတ်​နားရှိ ​မြောင်း၏သုံးပေ​နေရာတွင်​မြုပ်​ထားသည်​ဟု ​ပြောဆိုခဲ့သည်​။

ယ​ခုအကိစ္စနှင့်​ပတ်​သက်​၍ ဆိုရှယ်​မီဒီယာအသုံးပြုသူများ စိတ်​ဝင်​စားလျက်​ရှိပြီး တာဝန်​ရှိသူများမှ စုံစမ်းရာတွင် ​နာမည်​စာရင်းများအားစစ်​​ဆေးရာ ​ကျောက်​စိမ်းဖိနပ်​စက်​ရုံတွင်​ မြမြဆိုသည့်​နာမည်​မရှိ​ကြောင်း သိရသည်​။

ယမန်နေ့ကလည်း “မြမြ” ဆိုသည့် ဝိဥာဉ်က ကျောက်စိမ်းစက်ရုံ ဝန်ထမ်းတစ်ဦးအား ဝင်ရောက်ပူးကပ်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

လူသတ်မုဒိမ်းကျင့် အလောင်းဖျောက်သည်မှာ မမှန်ကြောင်း ယမန်နေ့က ၁၀၇ ရပ်ကွက် ဥက္ကဌ က The Fifth Wave သတင်းဌာနသို့ ပြောကြားထားသည်။

#Thefifthwavenews

Photo : Nyo Min Lwin facebook မှ ကူးယူဖော်ပြသည်။

Leave a Reply