AA ကို ထိုးစစ်ဆင်မှုဆက်လက်ပြုလုပ်ပါက မဟာမိတ်ပီသစွာ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ထုတ်ပြန်

0
166

ဧပြီ ၂၄
ကျော်သူမြင့်

တပ်မတော်အနေဖြင့် AAအား ထိုးစစ်ဆင်မှုများ ဆက်လက်ပြုလုပ်မည်ဆိုပါ က မဟာမိတ်ပီသစွာ လုပ်သင့်လုပ်ထိုက်သည်များကို မလွဲမရှောင်သာ လုပ်ဆောင်သွားမည်ဟု မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

AA၊ MNDAAနှင့် TNLA သုံးဖွဲ့၏ အရေးပေါ်အစည်းအဝေးကို ဧပြီ ၂၀နှင့် ၂၁ ရက်တို့၌ ပြုလုပ်ခဲ့ပြီး နောက် သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် စစ်ရေးလှုပ်ရှားမှုများကို စစ်တိုင်း ၅ တိုင်းတွင် ၄ လကြာ အပစ်ရပ်စဲခဲ့ပြီး နောက် အဆိုပါစစ်တိုင်းများတွင်မပါဝင်သည့် ရခိုင်မြောက်ပိုင်းဒေသတွင် ရက္ခိုင့်တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

တပ်မတော်အနေဖြင့် စစ်ရေးလှုပ်ရှားမှုရပ်ဆိုင်းခြင်းသည် AA အား အမြစ်ပြတ်ခြေမှုန်း တိုက်ခိုက် ရန်ဖြစ်သည်ဟု သုံးသပ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရခိုင်ဒေသအတွင်း ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို NLD ဦးဆောင်သည့် အစိုးရအနေဖြင့် မျက် ကွယ်ပြုနေခြင်းသည် လက်သင့်ခံ၍မရကြောင်း မြောက်ပိုင်းသုံးဖွဲ့က ဆိုသည်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် လျင်မြန်စွာအကောင်အထည်ဖော်ရေးအတွက် တရုတ်နိုင်ငံမှ ကြားဝင် စေ့စပ်ပေးရန် တောင်းဆိုလိုက်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC ၏ နိုင်ငံရေးဦးဆောင်မှု အောက်တွင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရန် အဆင်သင့်ရှိကြောင့် အဆိုပါသုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply