အနောက်ပိုင်းတက္ကသိုလ်လမ်းမဘေးအမှိုက်ပုံ၌ ပီနံအိတ်နှင့်ထုတ်လျက် ​သေဆုံး​နေသည့်​အမျိုးသမီးအ​လောင်းအမှုမှ ပြစ်​မှုကျူးလွန်​သူများဖမ်းဆီရမိ

0
177

ဧပြီ ၂၅
သော်လင်းထက်

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းတက္ကသိုလ် လမ်းမဘေးအမှိုက်ပုံ၌ ပီနံအိတ်နှင့်ထုတ်လျက် ခန္ဓာကိုယ်၌ ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသော အမျိုးသမီး အလောင်းတစ်​​လောင်း ​တွေ့ရှိမှုမှ ပြစ်​မှုကျူးလွန်​သူ ၂ ဦးကိုဖမိးဆီးရမိခဲ့​ကြောင်း ရန်​ကုန်​တိုင်း​ဒေသကြီးရဲတပ်​ဖွဲ့ကထုတ်​ပြန်​ထားသည်​။

သေဆုံးသူအမမျိုးသမီးသည်​ ဧပြီ ၁၃ ရက်​က လှိုင်သာယာမြို့မရဲစခန်း လူပျောက်အမှတ်စဉ် (၃၈/၂၀၁၉)ဖြစ်သော လူပျောက်ရေးဖွင့်ထားသည့်​အမျိုးသမီးဖြစ်​ပြီး ၄င်း​နောက်​ဆုံး​ခေါ်ခဲ့​သော ကျော်ဇေယျာလင်း(ခ) လင်းလင်း၊ (၃၀)နှစ်၊လှိုင်သာယာ မြို့နယ်နေထိုင် သူအား စစ်ဆေးခဲ့ရာ ၄င်းမှ ငြင်းကွက်ထွက်ဆိုခြင်းမပြုဘဲ တစ်လမ်းတည်း နေထိုင်သူ တင်ထွန်းဝင်း(ခ)ဝက်သား(ခ)ဦးတင်နှင့်အတူ ပြစ်မှုကျူးလွန်ခဲ့ကြောင်းဝန်ခံထွက်ဆို ခဲ့သည်​။

တင်ထွန်းဝင်း(ခ) ဝက်သား (ခ)ဦးတင်အား ဖော်ထုတ်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၎င်းနေထိုင်ရာ လှိုင်သာယာမြို့နယ်၊ (၁)ရပ်ကွက်၊ ကနောင်လမ်း၊ အမှတ်-၂၅၉နေအိမ်၌ဖမ်းဆီးရမိခဲ့သည်​။

လက်​ရှိတွင်​ ပြစ်​မှုကျူးလွန်​သူများဖြစ်​သည့်​ ကျော်ဇေယျာလင်း(ခ) လင်းလင်း၊ (၃၀)နှစ် နှင့်​ တင်ထွန်းဝင်း(ခ) ဝက်သား (ခ)ဦးတင်အား တက်သစ်နယ်မြေရဲစခန်း (ပ)၂၁၆/၂၀၁၉၊
ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်​။

Leave a Reply