ဖီမော်မြို့ သို့မဟုတ် ရေခဲတွေဖုံးလွှမ်းနေတဲ့ တောင်ပေါ်မြို့လေး

0
241

ဖီမော်မြို့လေးဟာ ကချင်​ပြည်​နယ်​ မြစ်​ကြီနားခရိုင်​ ချီ​ဖွေမြို့နယ်​အတွင်း တည်​ရှိပါတယ်​။ တရုတ်​နိုင်​ငံနယ်​စပ်​နဲ့အလွန်​နီးကပ်​တဲ့ ​နေရာမှာ တည်​ရှိ​​​​​နေပါတယ်။ သည်မြို့လေးဟာ ဒီဇင်​ဘာ ၊ ဇန်​နဝါရီနဲ့ ​ဖေ​ဖော်​ဝါရီလ​တွေမှာ ​အေးခဲ​နေတတ်​ပြီး နှင်းကျပါတယ်​။ ဒါကြောင့် လေ့လာရေး ခရီးထွက်ချင်သူတွေ ဒေသန္တရ ဗဟုသုတ အတွက် ခရီးသွားလိုသူတွေအတွက် လည်ပတ်သင့်တဲ့ မြို့လေးတစ်မြို့လို့ ဆိုချင်ပါတယ်။

သည်မြို့လေးကို ခြေချချင်ရင်တော့ မြစ်​ကြီးနားမြို့က​နေ တ​နေကုန်​ခရီးနှင်ရမှာ ဖြစ်ပါတယ်။ ​ဖီမော်မြို့လေးကို ရောက်ဖို့အတွက် တောင်​​ပေါ်လမ်းများကို ​ကွေ့ပတ်​သွားရမှာပါ။ မြန်​မာနိုင်​ငံရဲ့ မြို့​နာမည်​​တွေမှာ ဖီ​မော်​မြို့ဆိုပြီး ရှာရင်​မ​တွေ့နိုင်​ပါဘူး။မြို့လေးဟာ ​ကျေးရွာအုပ်​စုအ​နေဖြင့်​သာ ရှိပါတယ်​။ ​ဒေသခံ​တွေသာ မြို့ အ​နေနဲ့​ခေါ်တာဖြစ်ပါတယ်။

သည်မြို့လေးမှာ အသုံးပြုနေတဲ့ လျှပ်​စစ်​ကို တရုတ်​နိုင်​ငံကုမ္ပဏီ​တွေဆီ ဝယ်ရတာဖြစ်ပြီးမြို့လေးမှာ အသုံးပြုနေတဲ့ ငွေကြေးဟာလည်း တရုတ်​​​ငွေကိုပဲ အဓိကသုံးစွဲ​နေရတာ ဖြစ် ပါတယ်​။ လီဆူး၊ ရဝမ်​ ၊လချိတ်​ တိုင်းရင်းသား​တွေအများ ဆုံး​နေထိုင်​ကြပြီး ယခုနှစ်​အနည်းငယ်​အတွင်းမှာတော့ ဗမာများလည်း ​ပြောင်း​ရွှေ့နေထိုင်​လာကြတယ်​လို့ သိရပါတယ်။ မြို့ကလေးရဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အဓိက လုပ်ငန်းကတော့ တောင်​ယာလုပ်​ငန်းဖြစ်​ပြီး နယ်​စပ်​မြို့ဖြစ်​​ပေမယ့်​ ​ကုန်​သွယ်​မှုမရှိသ​လောက်​ပါပဲ။

သည်မြို့လေးရဲ့ လုံခြုံ​ရေးကို အထူး​ဒေသ ၁ က ယူထားပြီး နယ်​​မြေ​အေးချမ်း​ပေမယ့်​ KIA လက်​နက်​ကိုင်အဖွဲ့နဲ့ တိုက်​ပွဲများ တခါတ​လေဖြစ်​ပါတယ်​။ သို့​သော်​ လက်​ရှိမှာ​တော့ နယ်​​မြေ​အေးချမ်းပါတယ်​။

ဖီမော်မြို့လေးကို မြစ်​ကြီးနားမြို့က​နေ သွားနိုင်​သလို ပူတာအိုဖက်​ကလည်း သွားနိုင်​ပါတယ်​။ ဘယ်​​နေရာက​နေသွားသွား လမ်းကြမ်းပြီး အန္တရာယ်​များတဲ့ ​တောင်​​ပေါ်လမ်းများကို ​ကျော်​ဖြတ်​ရမှာပါ။

ကြမ်းတမ်းလှတဲ့ လမ်းခရီး​ကို ပင်​ပင်​ပန်းပန်း​ကျော်​ဖြတ်​ပြီးရင်​​တော့ မြန်​မာနိုင်​ငံအတွင်းက အခြားမြို့​တွေနဲ့မတူတဲ့ ဖီ​မော်​မြို့ရဲ့ သဘာဝအလှတရားများ ကို ခံစားနိုင်​မှာပါ။စာဖတ်သူတွေအနေနဲ့ အလုပ်ပိတ်ရက် အားလပ်ရက်တွေမှာ သဘာဝအလှအပတွေကို ခံစားရင်း ရေခဲတွေ ဖုံးလွှမ်းနေတဲ့ ဖီမော်မြို့ ကိုလာရောက်လည်ပတ်သင့်ပါကြောင်း တင်ပြလိုက်ပါတယ်။

သျှင်ရဲထွဋ်
ဓာတ်ပုံ – မင်းမင်းဦး

Leave a Reply