Tablet ရထားသည့် သားဖွားဆရားမများ ကျန်းမာရေးစကားဝိုင်းများလုပ်ပေးရန် တိုက်တွန်းသင့် ဟု ကျန်းမာရေးဝန်ကြီး ပြော

0
168

ဧပြီ ၂၅
ယဉ်ကေနွယ်

Tablet ရထားသည့် သားဖွားဆရားမများအနေဖြင့် ကျန်းမာရေးစကားဝိုင်းများလုပ်ပေးရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူများက တိုက်တွန်းသင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အကြံပြုပြောကြားလိုက်သည်။

“ပေးထားတဲ့ Tablet တွေနဲ့ သားဖွားဆရာမ တစ်ယောက်ကို တစ်လမှာ စကားဝိုင်းသုံးဝိုင်းလောက်ပေါ့ ။ အကြီးကြီး မဟုတ်ပါဘူး။အိမ်ထောင်စု ၄ စုလောက်ပေါ့။ရောဂါကူးစက်တဲ့ အကြောင်းတွေပြောမယ်။ကာကွယ်ဆေးအကြောင်းတွေ ပြောမယ်။အများကြီးပြောလို့ရတယ်။အဲ့ဒါတွေကို တိုင်းဒေသကြီး/ပြည်နယ်တွေက တာဝန်ရှိသူတွေအနေနဲ့ မိမိလက်အောက်က သားဖွားဆရာမတွေကို တိုက်တွန်းရမယ်”ဟု ဒေါက်တာမြင့်ထွေးကပြောသည်။

ယမန်နေ့က နေပြည်တော်ရှိ ဟိုတယ်မက်စ် တွင် ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် နိုင်ငံတစ်ဝှမ်း တီဘီရောဂါစစ်တမ်းကောက်ယူခြင်းအလုပ်ရုံဆွေးနွေးပွဲအဖွင့်တွင် ပြည်ထောင်စုဝန်ကြီးမှ အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ သားဖွားဆရာမများအနေဖြင့် အနည်းဆုံး တစ်လလျှင် စကားဝိုင်း ၃ ၀ိုင်းလုပ်ပေးရန်အတွက် ဒေါက်တာမြင့်ထွေးကပြောကြားခဲ့သည်။

သားဖွားဆရာမများအား ကျန်းမာရေးဆိုင်ရာ အချက်အလက် အက်ပလီကေးရှင်းများပါသည့် Tablet အလုံးပေါင်း ၁ သောင်းကျော်ကို ၂၀၁၈ ခုနှစ်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင်လည်း Tablet အလုံးပေါင်း တစ်သောင်းလေးထောင်ကျော်ကို သားဖွားဆရာမများထံသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply