ပလက်ဝမြို့ တည်ငြိမ်အေးချမ်းရေး အဟန့်အတားဖြစ်စေသည့် လုပ်ရပ်များမပြုလုပ်ရန် AA အား ချင်းလူမှုအဖွဲ့အစည်းကွန်ရက်တောင်းဆို

0
187

ဧပြီ ၂၅
ကျော်သူမြင့်

ချင်းပြည်နယ်၊ ပလက်ဝမြို့၏ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဟန့်အ တားဖြစ်စေသည့် လုပ်ရပ်များမလုပ်ရန် AA အား ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများက တောင်း ဆိုလိုက်သည်။

ပြီးခဲ့သည့် မတ်လအတွင်းက ပလက်ဝတံတားစီမံကိန်း ဆောင်ရွက်သည့် စီမံကိန်းအတွက် အသုံး ပြုရန်ပစ္စည်းများ တင်ဆောင်လာသည့် ရေယာဉ်ကို AA အဖွဲ့မှ ပစ်ခတ်ခြင်းကာ မီးရှို့ဖျက်စီးခြင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်သွယ်ထားသည့် ပလက်ဝ-မီဇိုရမ်ကားလမ်းဖောက်လုပ်နေသည့် ဆုထူးစံကုမ္ပဏီမှ ဝန်ထမ်းများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းများ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် ဆက် လက်မပြုလုပ်ရန် ထုတ်ပြန်ချက်ထုတ်ပြန်တောင်းဆိုရခြင်းဖြစ်ကြောင်း Chin Civil Society Network မှ ဆလိုင်းဇကုတ်ထန်း ကပြောသည်။

“ပလက်ဝဒေသအတွင်းမှာ AAကြောင့် တည်ငြိမ်အေးချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေး အဟန့်အတားဖြစ် တာကို မလိုလားလို့ ကန့်ကွက်တာပါ။ ချင်းပြည်နယ်က ဖွံ့ဖြိုးမှုနှေးကွေးတဲ့ ပြည်နယ်ပါ”ဟု ၎င်းက ပြောသည်။

အဆိုပါဖြစ်ရပ်များကြောင့် လုပ်ငန်းများ ယာယီရပ်ဆိုင်းခြင်းများရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

“အခုတော့ တိုက်ပွဲဖြစ်တာတွေ မရှိပေမယ့် ကြောက်စိတ်နဲ့ ဆက်မလုပ်ရဲကြဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

ပလက်ဝဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင် ရွက်နိုင်ရန် အစိုးရမှ ကြိုးပမ်းဆောင်ရွက်ရန်နှင့် တိုက်ပွဲရှောင်ပြည်သူများ၏ လုပ်ငန်းရပ်တန့်မှု ကြောင့် စားဝတ်နေရေး ခက်ခဲမှုများအား လူသားချင်းစာနာထောက်ထားမှုအားဖြင့် ကူညီပံ့ပိုးပေး သော အဖွဲ့အစည်းများမှ ဆက်လက်ကူညီပေးရန် တောင်းဆိုထားသည်။

Chin Civil Society Network ကို ချင်းလူမှုအဖွဲ့အစည်း ၁၀၀ ကျော်ဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။

Leave a Reply