“မြစ်ဆုံဖျက်သိမ်းဟု သတင်းထွက်ပေါ်နေခြင်း ပြည်သူများ၏ စိတ်ခံစားချက်ကို အသုံးချ၍ နိုင်ငံရေးအမြတ်ထုတ်မှု” ဟု ဒေါက်တာမျိုးညွှန့်ပြော

0
114

ဧပြီ ၂၆
ကျော်သူမြင့်

မြစ်ဆုံစီမံကိန်းအား အပြီးဖျက်သိမ်းပြီဟု သတင်းများထွက်ပေါ်လျက်ရှိပြီး အဆိုပါသတင်းများ သည် ပြည်သူများ၏ မျှော်လင့်ချက်နှင့် စိတ်ခံစားချက်ကို အသုံးချ၍ နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခု သာဖြစ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။

“ဒီသတင်းက အတည်ပြုလို့မရပါဘူး။ အတုလုပ်တယ်ဆိုထဲက ကောင်းတဲ့ရည်ရွယ်ချက်နဲ့တော့ မဟုတ်ဘူး။ ပြည်သူတွေက မျှော်လင့်ချက်တွေတက်လာမယ် ပြည်သူတွေရဲ့ စိတ်ခံစားချက်ကို အ သုံးချပြီး နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုပါပဲ”ဟု ဒေါက်တာမျိုးညွှန့်က ပြောသည်။

အဆိုပါသတင်းမှားများကို ပြည်သူများအနေဖြင့် သတိပြုရှောင်ရှားရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြား ချက်အရ ဒုတိယအကြိမ် မြောက်ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ သွားရောက်နေချိန်ဖြစ်သည်။

တရုတ်နိုင်ငံသို့ ခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းနှင့် ပတ်သတ်၍ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ဆွေးနွေးမှုများ ဖြစ်ပေါ်ရန် မျှော်လင့်ကြောင်းဆိုသည်။

ယခင်အစိုးရလက်ထက်က မြစ်ဆုံစီမံကိန်းအား ပြည်သူများက ကန့်ကွက်ခဲ့ကြပြီးနောက် သမ္မတဦး သိန်းစိန်က ၎င်း၏သက်တမ်းအတွင်း ရပ်ဆိုင်းထားခဲ့သည်။

Photo : MPA

#thefifthwavenews

Leave a Reply