ခေတ်သစ်ပိုးလမ်းမကြီးနှင့်ရေကြောင်းပတ်လမ်းစီမံကိန်းမှာ ပွင့်လင်းမြင်သာမှုရှိရမယ်လို့ တရုတ်သမ္မတကတိပြု

0
115

ဧပြီ ၂၇
နိုင်ငံတကာသတင်း

ဘေကျင်းမြို့မှာကျင်းပနေတဲ့ ဒုတိယအကြိမ်ခေတ်သစ်ပိုးလမ်းမကြီးနှင့်ရေကြောင်းပတ်လမ်းဆိုင်ရာထိပ်သီးအစည်းအဝေးပွဲမှာ စီမံကိန်းအားလုံးနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိမယ့်အပြင် ဘဏ္ဍာရေးခိုင်မာမှုလည်း ရှိမယ်လို့ တရုတ်သမ္မတရှီကျင့်ပင်က ကတိပြုပါတယ်။

အဲဒီစီမံကိန်းကို ပထ၀ီနိုင်ငံရေးလွှမ်းမိုးဖို့ အားထုတ်မှုအနေနဲ့ တချို့ကရှုမြင်ကြပြီး စီမံကိန်းမှာပါဝင်တဲ့နိုင်ငံတွေကို အကြွေးတင်စေတယ်လို့ ဝေဖန်ခံနေရပါတယ်။

လာမယ့်တစ်ပတ်မှာ အမေရိကန်နဲ့ကုန်သွယ်ရေးဆွေးနွေးမှုတွေထပ်လုပ်ဖို့ရှိနေချိန်မှာ အဓိကကုန်သွယ်ရေးဆိုင်ရာစိုးရိမ်မှုတွေကို ဖော်ပြဖို့ ရှီက ကြိုးစားခဲ့ပါတယ်။

ထိပ်သီးအစည်းအဝေးပွဲအတွက် မိန့်ခွန်းပြောရာမှာ ဒီအခြေခံအဆောက်အဦဆိုင်ရာစီမံကိန်းက နိုင်ငံတွေကြားဆက်နွယ်မှုနဲ့ လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်နိုင်ဖို့ရည်ရွယ်ချက်ဖြစ်တယ်လို့ ရှီကပြောခဲ့တာပါ။

အမေရိကန်ဒေါ်လာ ၁ ထရီလီယံလောက်ရှိမယ့်အခုစီမံကိန်းကြီးက နိုင်ငံတော်တော်များများက ရထားလမ်းတွေ၊ လမ်းတွေနဲ့ သင်္ဘောဆိပ်တွေကို ငွေကြေးအကုန်အကျခံခဲ့ပြီးဖြစ်ပါတယ်။

စီမံကိန်းက နှစ်ဖက်အကျိုးရှိတဲ့ရလဒ်တွေနဲ့ ဘုံဖွံ့ဖြိုးမှုတွေကို ပူးပေါင်းလုပ်နိုင်ဖို့လည်း ရှီကပြောပါတယ်။

အရာရာတိုင်းကို ပွင့်လင်းမြင်သာတဲ့နည်းလမ်းနဲ့ပဲလုပ်သင့်ပြီးတော့ ကျွန်တော်တို့က အကျင့်ပျက်ခြစားတာကို သည်းခံသွားမှာမဟုတ်ဘူး လို့ ပြောခဲ့တာပါ။

စီမံကိန်းအားလုံးရဲ့စီးပွားရေးနဲ့ဘဏ္ဍာရေးခိုင်မာမှုတို့ကိုလည်း ကျွန်တော်တို့အာမခံပေးနိုင်မှ စီမံကိန်းတွေက စီစဉ်ထားတဲ့အတိုင်း အောင်မြင်မှုရမှာဖြစ်တယ်လို့ လည်း ကတိပြုခဲ့ပါတယ်။

၃ ရက်ကြာမယ့်အခုဖိုရမ်မှာ ရှေ့ဆောင်အခြေခံအဆောက်အဦဆိုင်ရာစီမံကိန်းတွေကို တရုတ်နိုင်ငံက ခင်းကျင်းတင်ဆက်နေပြီး အဲဒီအခမ်းအနားကို ရုရှားသမ္မတ ဗလာဒီမျာ ပူတင်နဲ့ အီတလီဝန်ကြီးချုပ် ဂျူဆက်ပီ ကွန်တေးတို့လို ကမ္ဘာ့အဆင့်ခေါင်းဆောင်တွေလည်း ဖိုရမ်ကိုတက်ရောက်နေပါတယ်။

အဲဒီစီမံကိန်းတွေက တချို့နိုင်ငံတွေကို အကြွေးထဲနစ်နေစေလို့ ဝေဖန်မှုတွေရှိနေပါတယ်။

အဲဒီစီမံကိန်းနဲ့ဆက်စပ်တဲ့နိုင်ငံခြားချေးငွေတွေကြောင့် သီရိလင်္ကာနိုင်ငံဟာ ၂၀၁၇ ခုနှစ်မှာ ဆိပ်ကမ်းတစ်ခုကို ထိန်းချုပ်ခွင့်လွှဲပြောင်းပေးခဲ့ရပါတယ်။

Source-BBC

#ဥက္ကာ
#TheFifthWaveNews
Photo-China Daily

Leave a Reply