မအူပင်မြို့နယ်တွင် ယောက္ခမဖြစ်သူမှ ကတ်ကြေးဖြင့်ထိုး၍ ချွေးမဖြစ်သူသေဆုံး

0
130

ဧပြီ ၂၇
သော်လင်းထက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အမှတ်(၆) ရပ်ကွက်တွင် ယောက္ခမဖြစ်သူက ကတ်ကြေးဖြင့် ထိုးခဲ့၍ ချွေးမဖြစ်သူ သေဆုံးသွားကြောင်းမြန်​မာနိုင်​ငံရဲတပ်​ဖွဲ့ကထုတ်​ပြန်​ထားသည်​။

ဧပြီ၂၆ရက်​က အဆိုပါရပ်ကွက်နေ မသဲသဲ(၂၈)နှစ်သည် တစ်ရပ်ကွက်တည်းနေ ဒေါ်ခင်လှ (၅၈)နှစ်၏ နေအိမ်မှ ပြန်လာစဉ် ယောက္ခမဖြစ်သူ ဦးအောင်မင်း(၇၂)နှစ်၏ နေအိမ်အရှေ့အရောက် တွင် ယခင်နေ့က မသဲသဲ မှ အကြိမ်ကြိမ်စောင်းမြောင်းဆဲဆိုခဲ့သည်ကို ယောက္ခမဖြစ်သူ ဦးအောင်မင်း က မကျေမနပ်ဖြစ်ကာ အသင့်ယူဆောင်လာသော ကတ်ကြေးဖြင့် ထိုးခဲ့၍ မသဲသဲ တွင် ဒဏ်ရာများ ရရှိကာ သေဆုံးသွားကြောင်းသိရသည်​။

လက်​ရှိတွင်​ ဦးအောင်မင်း အား မအူပင်မြို့မရဲစခန်း(ပ)၅၀၁/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်းသိရသည်​။

Leave a Reply