မန္တလေးတွင် မီးလောင်မှု နေအိမ် ၃၂ လုံး ဆုံးရှုံး

0
114

ဧပြီ ၂၇
နိုင်လင်းဦး

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ချမ်းတောင်ရပ်ကွက် ဦးပွားဂုံးကျော်တောင်ဘက် ရန်ကုန်- မန္တလေး ရထားလမ်းအရှေ့ဘက်တွင် ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၃၂ လုံး မီးလောင်ဆုံးရှုံးခဲ့သည် ။

ဖြစ်စဉ်မှာ ဒေါ်ခင်သန်းနု ပိုင်ဆိုင်သော ပေ ၂၀ × ၃၀ မြေစိုက်ထရံကာနှစ်ထပ် နေအိမ်အတွင်း မီးဖိုချောင်ရှိ ပလပ်ခုံအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့သည် ။

မီးလောင်မှုကြောင့် လူနေအိမ် (၃၂)လုံး နှင့် အိမ်တွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ငွေကျပ်သိန်းပေါင်း ၂၃၀ ကျော် ဆုံးရှုံးခဲ့ကြောင်း မန္တလေးခရိုင်မီးသတ်တပ်ဖွဲ့က သိရသည် ။

မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စုများကို ရပ်ကွက်အတွင်းရှိ ဓမ္မာရုံတွင် မီးဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကူညီပေးထားပြီး မီးစတင်လောင်ကျွမ်းခဲ့သည့် အိမ်ပိုင်ရှင်ဒေါ်ခင်သန်းနုကို အမှတ်(၁၁)နယ်မြေရဲစခန်းတွင် (ပ)၂၆၀၊ ၃၃၇/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ -၂၈၅ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply