အလုံမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို လည်​ပင်းဓားနှင့်​လှီးပြီး လုယက်မှုကျူးလွန်သူအား ဖမ်းဆီးရမိ

0
118

ဧပြီ ၂၇
သော်လင်းထက်

အလုံမြို့နယ်​တွင်​ ဧပြီ ၂၂ရက်​က အမျိုးသမီးတစ်​ဦးကို ဓား​နှင့်​လည်​ပင်းလှီး၍ ဆွဲကြိုးလုယက်​မှုကျူးလွန်​သူကိုဖမ်းဆီးရမိပြီဖြစ်​​ကြောင်း ရန်​ကုန်​တိုင်းရဲတပ်​ဖွဲ့ကထုတ်​ပြန်​ထားသည်​။

ဧပြီ ၂၂ ရက်နေ့ မနက်​၇နာရီမိနစ်​ ၃၀အချိန်က တရားလို ဦး—-သည် အလုံမြို့နယ်၊ စော/တောင်ရပ်ကွက်၊ ငုဝါလမ်းရှိ နေအိမ်တိုက်ခန်းတွင် ရှိနေစဉ် လူအော်သံများကြား၍ အောက်သို့ဆင်းကြည့်ခဲ့ရာ ဇနီးဖြစ်သူ ဒေါ်—-မှာ လည်ပင်းတွင် ပြတ်ရှဒဏ်ရာဖြင့် လဲကျနေသည်ကို တွေ့ရှိသဖြင့် ဇနီးဖြစ်သူအားမေးမြန်းရာ အမည်မသိ အမျိုးသားတစ်ဦးမှ လည်ပင်းအား ဓားဖြင့်ထောက်၍ ရွှေဆွဲကြိုးအား လုယူစဉ် ရုန်းကန်ခဲ့သဖြင့် ဓားဒဏ်ရာရရှိခဲ့ပြီး ရွှေဆွဲကြိုးမှာ အဆိုပါအမည်မသိ အမျိုးသားထံသို့ ပါသွားခဲ့ခြင်းဖြစ်​​ကြောင်းသိရသည်​။

ပြစ်​မှုကျူးလွန်​သူအားစုံစမ်းစစ်​​ဆေးရာ ပြစ်မှုကျူးလွန်သူသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နေ ဇေပိုင်ထွန်း(ခ) ဖိုးကဲ(ခ)ပိစိ (ခ)သြဇာထွန်း ဖြစ်ပြီး မရမ်းကုန်းမြို့နယ် အတွင်းရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေကြောင်း စုံစမ်းသိရှိရသဖြင့် သွားရောက်ဖမ်းဆီးရာဧပြီ ၂၆ရက်နေ့ ည၁၁နာရီ အချိန်တွင် ဖမ်းဆီးရမိခဲ့သည်​။

ဖမ်းဆီးရမိသူ ဇေပိုင်ထွန်း(ခ)ဖိုးကဲ(ခ)ပိစိ(ခ)သြဇာထွန်း အား စစ်ဆေးခဲ့ရာ အဆိုပါအမှုအား ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းခဲ့ပြီး ပြစ်မှုကျူးလွန်သူ ဇေပိုင်ထွန်း(ခ) ဖိုးကဲ(ခ)ပိစိ(ခ)သြဇာထွန်း အား ဥပဒေနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိကြောင်းငိရသည်​။

Leave a Reply