ဒုရဲမှူးဟောင်း မိုးရန်နိုင် နိုင်ငံရေးလောကအတွင်း ဝင်ရောက်မည်

0
60

ဧပြီ ၂၈
နိုင်လင်းဦး

အဝေးရောက် မြန်မာနိုင်ငံသားများက ပေးအပ်သည့် ပြည်သူ့ဂုဏ်ရည်ဆုရရှိခဲ့သော ဒုရဲမှူးဟောင်း မိုးရန်နိုင်အနေဖြင့် အနာဂါတ်တွင် နိုင်ငံရေးလောကအတွင်း ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည် ။

ဒုရဲမှူးဟောင်း မိုးရန်နိုင်သည် ရိုက်တာသတင်းထောက် နှစ်ဦးဖမ်းဆီးခံတာနှင့်ပတ်သက်၍ ထောင်ချောက်ဆင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း တရားလိုပြ သက်သေအဖြစ် တရားရုံးတွင် ထွက်ဆိုခဲ့သည့်အတွက် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူ ထောင်ဒဏ်ကျခံခဲ့ရသည် ။

“ကျွန်တော်ကတော့ အခုလက်ရှိ အနားယူနေတာပါပဲ။ ဘာလုပ်မယ် ဘာကိုင်မယ်ဆိုတာကတော့ လေ့လာနေတုန်းပါပဲ။ ဒါပေမယ့် ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ ကျွန်တော်သိပ်မကြာခင်ကာလအတွင်းမှာ နိုင်ငံရေးလောကအတွင်းမှာ ဝင်ရောက်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် လေ့လာနေစဲဖြစ်တဲ့အတွက် ဒီလောက်ပဲပြောပါရစေ။´´ ဟု ဒုရဲမှူးဟောင်း မိုးရန်နိုင် က ပြောသည် ။

ဒုရဲမှူးဟောင်း မိုးရန်နိုင် အနေဖြင့် ပါတီနိုင်ငံရေး ကို ပြုလုပ်ရန် စီစဉ်လျှက်ရှိပြီး လေ့လာနေစဲဖြစ်ကာ လူညံ့တွေအုပ်ချုပ်တာ မကြိုက်သည့်အတွက် တက်နိုင်သည့်နေရာက ဝင်ရောက်ပါဝင်မည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောပါတယ် ။

၂၀၁၉ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ ၊ ပြည်သူ့ဂုဏ်ရည် အထူးဆုများကို ဂုဏ်သိက္ခာအတွက် တရားရုံးတွင် အမှန်အတိုင်းထွက်ဆိုမှုကြောင့် အလုပ်ပြုတ် ထောင်ကျခဲ့ရသူ ဒုရဲမှုးဟောင်း ဦးမိုးရန်နိုင်၊ ကိုယ်အင်္ဂါ မသန်စွမ်းမှုကြောင့် ကျောင်းဆရာမ အဖြစ် ခန့်အပ်ရန် ငြင်းပယ်ခံရပေမယ့် ဝါသနာအရ ကလေးများကို စာသင်ကြားပေးနေသည့် ဆရာမလေး ဒေါ်အိအိညိမ်း၊ ကချင်စစ်ဘေးဒုက္ခသည်များအရေး ကူညီဆောင်ရွက်နေသည့် ကချင်တိုင်းရင်းသူ မဆွတ်ဆိုင်းထွယ် နှင့် ရန်ကုန်မြို့တော် သန့်ရှင်းရေးအတွက် ဆောင်ရွက်နေသည့် Clean Yangon Campaign အဖွဲ့ တို့ က ရရှိခဲ့သည် ။

#TheFifthWave

Leave a Reply