ပန်ဆေးအုပ်ချုပ်ရေးမှူးနေအိမ်သို့ လက်နက်ကိုင်ဆောင်ထားသူများက ဝင်ရောက်ဓားမြတိုက်မှုဖြစ်ပွား

0
160

မေ ၂
သော်​လင်းထက်

ပန်းဆေးအုပ်ချုပ်ရေးမှူး၏နေအိမ်သို့ လက်​များကိုင်​​ဆောင်​ထားသူ၆ဦးကဝင်​​ရောက်​ ဓားပြတိုက်ခဲ့သည့် ဖြစ်စဉ်တစ်​ခု ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်တွင် ​မေလ ၁ ရက်​​နေ့ကဖြစ်​ပွားခဲ့​ကြောင်းသိရသည်​။

နမ့်ခမ်းမြို့နယ်၊အောင်မတ္တာရပ်ကွက်အတွင်းရှိ ပန်းဆေးအုပ်ချုပ်ရေးမှူဦးလောဝမ်နေအိမ်သို့ လက်​နက်​များကိုင်​​ဆောင်​ထားသူ (၆)ဦးက လက်နက်ရှည်M22(၂)လက်၊လက်နက်တိုပစ်စတို(၁)လက်ဖြင့် ဝင်ရောက်​လာကာ ပန်းဆေးအုပ်ချုပ်ရေးမှူးဦးလောဝမ်နှင့်နေအိမ်သို့ရောက်ရှိနေသည့် ဧည့်သည်နှစ်ဦးအား လက်ထိပ်ခတ်​၍ ငွေကျပ် ၃၅ သိန်းနှင့်ရွှေဆွဲကြိုးနှစ်ကုန်းတို့ကိုယူဆောင်သွားခဲ့ကြောင်းသိရသည်။

ထို့​သို့ ပန်းဆေးအုပ်ချုပ်ရေးမှူး ဦးလောဝမ်နေအိမ်အတွင်းသို့ ဝင်​​ရောက်​လုယက်​မှုဖြစ်​ပွား​​ကြောင်း အိမ်နီးချင်းမှကြားသိရ၍ အနီးရှိပြည်သူ့စစ်စခန်းသို့ဆက်သွယ်အကြောင်းကြားခဲ့ရာ ပြည်သူ့စစ်အဖွဲ့​ရောက်​လာစဉ်​ ၄င်းလက်နက်ကိုင်ထားသည့်​အဖွဲ့က ပြည်သူ့စစ်အဖွဲ့များကို ပစ်ခတ်ပြီးနောက် နေအိမ်အနောက်ဘက်မှထွက်ပြေးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နမ့်ခမ်းမြို့မရဲစခန်းသို့ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်ရေးအခက်အခဲကြောင့် မေးမြန်းခွင့်မရခဲ့​သော်​လည်း အမှုဖွင့်​​စုံစမ်း​ဆောင်​ရွက်​လျက်​ရှိ​ကြောင်းသိရသည်​။

Leave a Reply