မန္တလေးသို့ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု၌ တရုတ်အများဆုံးဖြစ်

0
163

မန္တလေး ၊ ဇန်နဝါရီ ၁၅၊ ၂၀၁၈

မန္တလးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားခရီးသွား ဝင်ရောက်မှုတွင် တရုတ်နိုင်ငံသား အများဆုံးလာရောက်လည်ပတ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနက သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ် တစ်နှစ်လုံးတွင် နိုင်ငံခြားခရီးသွား စုစုပေါင်း (၄၇၃၇၈၄)ဦးဝင်ရောက်ခဲ့ပြီး တရုတ် နိုင်ငံသား (၁၄၄၂၃၉) ဝင်ရောက်ခဲ့ကာ စုစုပေါင်းဝင်ရောက်မှု၏ ၄၆ ရာခိုင်နှုန်းမှာ တရုတ်လူမျိုးဖြစ်သည်။

“မန္တလေးက တရုတ်နိုင်ငံသားအများဆုံးလာတယ်။ မူဆယ် လမ်းကနေ ဝင်တာရှိသလို လေယာဉ်နဲ့ လာရောက်တာတွေလည်းရှိတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့က ထိုင်းနိုင်ငံသားတွေများတယ် ဆိုပေမယ့် မန္တလေးတိုင်းအနေနဲ့က တရုတ်အများဆုံးပါ” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယု က ပြောသည်။

တရုတ်နိုင်ငံသားများ၏ နောက်တွင် ပြင်သစ် ၊ ထိုင်း ၊ အမေရိကန် စသည့် နိုင်ငံများမှ အများဆုံးဝင်ရောက်ကြောင်း သိရသည်။

“ခရီးသွားဝင်ရောက်မှု တစ်နှစ်ထက်တစ်နှစ်များလာအောင်လို့ ကျွန်တော် တို့အနေနဲ့ ဆောင်ရွက်တာတွေရှိပါတယ်။ ဝန်ဆောင်မှုတွေ၊ ခရီးစဉ်အသစ်တွေနဲ့ ခရီးသွားလုပ်ငန်းနဲ့ စပ်ဆက်နေတဲ့ သူတွေကို အရည်အသွေးမြှင့်ပေးတာတွေ အမြဲလုပ်ပေးသွားဖို့ရှိတယ်” ဟု ဦးစန်းယု က ဆက်လက် ပြောသည်။

၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံခြား ခရီးသွားဝင်ရောက်မှု လေးသိန်း ခန့်မှန်းထားပြီး ၂၀၁၇ ခုနှစ် နှစ်ကုန် တွင် စာရင်းချုပ်အရ ခရီးသွား (၇) သောင်းကျော် ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply