ကြွက်တစ်ကောင်ကို မလေးရှားရင်းဂစ် ၃ ရင်းဂစ်ပေးပြီး ကွာလာလမ်ပူမြို့တော်ခန်းမ၀ယ်နေ

0
21

မေ ၅
နိုင်ငံတကာသတင်း

မလေးရှားနိုင်ငံမြို့တော်ကွာလာလမ်ပူက ဂျင်ဂျန်းအူတာရာမနက်ခင်းဈေးမှာ ဖမ်းမိတဲ့ကြွက်တစ်ကောင်ကို ၃ ရင်းဂစ်ပေးပြီးဝယ်မယ်လို့ ကွာလာလမ်ပူမြို့တော်ခန်းမ(DBKL)က ၀ယ်နေပါတယ်။

ပိုးမွှားအကောင်ရေထိန်းချုပ်ဖို့ အားထုတ်တဲ့အနေနဲ့ အခုလ ၁၀ ရက်အထိ ၀ယ်နေတာပါ။

(DBKL)က မနက် ၉ နာရီကနေ ၁၁ နာရီအထိ ကြွက်အရှင်တွေကိုဝယ်မယ်လို့ကြေညာထားပေမဲ့ မနက်ဈေးရှိတဲ့ကီပွန်မြို့နယ်ရဲ့အမတ် လင်လစ်အန်ကတော့ ကြွက်သေတွေကိုဝယ်ဖို့ စာရေးတောင်းဆိုထားတယ်လို့ပြောပါတယ်။

အဲဒီပတ်ဝန်းကျင်မှာ ကြွက်ကောင်ရေထိန်းချုပ်ဖို့ ဈေးဆိုင်ပိုင်ရှင်တွေက တောင်းဆိုခဲ့ပြီးနောက် အခုအစီအစဉ်မိတ်ဆက်လိုက်တာပါ။

မြောင်းတွေပိတ်နေလို့ ကြွက်တွေများလာတာဖြစ်နိုင်တယ်လို့ ဈေးသည်တစ်ယောက်ကပြောပါတယ်။

မကြာသေးခင်က ပူဒူ၊ ချီရတ်နဲ့ ကီရာမတ်ဈေးတွေမှာ အလားတူအစီအစဉ်တွေမိတ်ဆက်ခဲ့တယ်လို့ DBKL ကပြောပါတယ်။

အရင်တုန်းကတော့ ကြွက်ဖမ်းဖို့ထောင်ချောက်တွေပါပေးပြီး ကြွက်တစ်ကောင်ကို ၂ ရင်းဂစ်နဲ့ဝယ်ခဲ့ပေမဲ့ ကြွက်ထောင်ချောက်တွေပြန်မပေးဖို့ ၃ ရင်းဂစ်ပေးပြီး ကိုယ့်ထောင်ချောက်နဲ့ကိုယ်ဖမ်းခိုင်းတာလို့ DBKL ပြောခွင့်ရသူကပြောပါတယ်။

Source-The Star Online

#ဥက္ကာ
#TheFifthWaveNews
Photo- The Star Online

Leave a Reply