Pioneer Club မီးလောင်မှုဖြစ် 

0
339

မန္တလေး၊ ဇန်နဝါရီ ၁၅၊ ၂၀၁၈

မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ် ၊ရဲမွန်တောင်ရပ်ကွက် ၃၅ လမ်း ၊ ၅၃ လမ်းနှင့် ၅၄ လမ်းကြားတွင် ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်က Pioneer Club အဆောက်အဦ မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရခြင်းမှာ Pioneer Club အဆောက်အဦအတွင်း ဝရိန်တို့ရာမှ အသံလုံဖော့ပေါ်သို့ မီးပွားကျခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည် ။ ယင်းအဆောက်အဦအတွင်း မီးလောင်မှုဖြစ်သည့်အတွက် မီးငြိမ်းသတ်ရာတွင် နံရံများကို ဖောက်ပြီး ငြိမ်းသတ်ရသောကြောင့်ကြန့်ကြာမှုများရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အဆောက်အဦနှင့် အဆောက်အဦအတွင်းရှိ ပစ္စည်းများ မီးလောင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၂၂ သိန်းရှိကြောင်း မန္တလေးခရိုင်မီးသတ်တပ်ဖွဲ့မှူးရုံး က သိရသည် ။

၎င်းမီးလောင်မှုနှင့်ပတ်သတ်၍ ဆိုင်မန်နေဂျာ ဦးမျိုးမင်းဦး ကို အမှတ် (၉)နယ်မြေခံရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အရေးယူအမှုဖွင့်သွားမည်ဖြစ်ကြောင်း သိရသည် ။

နိုင်လင်းဦး

Leave a Reply