ဒေါင်းတို့မျိုးဆက်​ သံချပ်​အဖွဲ့ဝင်​၂ ဦး ၅၀၅ အမှုထပ်​တိုးတရားစွဲဆိုခံရ

0
109

မေ ၆
သော်လင်းထက်

ဒေါင်းတို့မျိုးဆက်​သံချပ်​အဝင်​နှစ်​ဦးဖြစ်​သည့်​ မဆုရတနာမြင့် နဲ့ ကိုငြိမ်းချမ်းစိုး (ခ) ကိုချစ်ယုံတို့ကို ယ​နေ့ည​နေပိုင်းက ပုဒ်​မ၅၀၅ကအမှုထပ်​တိုး၍ ဗိုလ်​တ​ထောင်​မြို့နယ်​ရဲစခန်းတွင်​ တရားစွဲဆိုခံထားရ​ကြောင်းသိရသည်​။

မေ၃ရက်​ကလည်း အင်းစိန်ထောင်တွင်​ ဖမ်းဆီးအကျဉ်းချခံထားရပြီး တရားရင်ဆိုင်နေရသည့်​ ကိုဇေယျာလွင် အပါအဝင်​၅ ဦးအပြင် မဆုရတနာမြင့် နဲ့ ကိုငြိမ်းချမ်းစိုး ခ ကိုချစ်ယုံတို့အား ရန်​ကုန်​တိုင်းစစ်​ဌာနချုပ်​မှ ဒုဗိုလ်​မှူးကြီး ဦးမျိုးမင်းဦးမှ ၆၆ ဃဖြင့်​ ​ဗိုလ်​တထောင်​မြို့နယ်​ရဲစခန်းတွင်​ တရားစွဲဆိုထားသည်​။

လက်​ရှိတွင်​ မဆုရတနာမြင့် နဲ့ ကိုငြိမ်းချမ်းစိုး ခ ကိုချစ်ယုံတို့နှစ်​ဦးသည်​ ၅၀၅ က ၊ ၆၆ ဃစသည့်​ပုဒ်​မနှစ်​ခုဖြင့်​တရားစွဲဆိုခံထားပြီး လာမည့်​မတ်​ ၁၇ရက်​တွင်​ ဗိုလ်​တ​ထောင်​မြို့နယ်​တရားရုံဠ်​ အမှုရင်​ဆိုင်​ရမည်​ဖြစ်​​​ကြောင်းသိရသည်​။

မဟာသင်္ကြန်​ကာလအတွင်း ဖျော်ဖြေခဲ့ကြသည့်​ ​ဒေါင်းတိုမျိုးဆက်​သံချပ်​အဖွဲ့ဝင်​များအနက်​ ယခုအချိန်​ထိ ပုဒ်​မ၆၆ဃ ပုဒ်​မ ၅၀၅ က တို့ဖြင့်​တရားစွဲဆိုခံထားရသူ ၇ဦးအထိရှိပြီဖြစ်​​ကြောင်းသိရသည်​။

Photo : ဒေါင်းတို့မျိုးဆက် fb page

Leave a Reply