အဘွားအိုတစ်ဦးအားသတ်ကာ လက်ဝတ်ရတနာများယူဆောင် သွားခဲ့သည့် တရားခံကို ဖမ်းမိ

0
172

ရန်ကုန် ၊ ဇန်န၀ါရီ ၁၅ ၊၂၀၁၈

သာကေတမြို့နယ် ၄ မြောက်ရပ်ကွက်တွင် အသက် ၇၇ နှစ်အရွယ် အဘွားအိုတစ်ဦးအားသတ်ကာ လက်ဝတ်ရတနာများယူဆောင် သွားခဲ့သည့် တရားခံကို ဇန်န၀ါရီလ ၁၄ ရက်နေ့ကဖမ်းမိခဲ့ကြောင်း သာကေတမြို့မ ရဲစခန်းမှသိရသည်။

“တရားခံကိုတော့မိပြီ စစ်ဆေးမှုတွေလုပ်နေပါတယ် ” ဟု သာကေတမြိုကမ ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

သာကေတမြို့နယ် ၄ မြောက်ရပ်ကွက် ၊အောင်ဇေယျလမ်း ၊အမှတ် ၁၆၆ ဆောက်လက်စ အထပ်မြင့်တိုက်ရှိ ၃ လွှာတွင် ဇန်န၀ါရီလ ၁၀ ရက်နေ့က အဘွားအိုတစ်ဦးအားသတ်ကာ လက်ဝတ်ရတနာ အချို့ယူ ဆောင်သွား သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ရပ်တွင် သွေးများပေစွန်းနေသည့် ရှပ်အင်္ကျီ တစ်ထည် တွေ့ရှိခဲ့ပြီး CCTV မှတ်တမ်းများမှ တစ်ဆင့်ပြန်လည်စစ်ဆေးရာ အဘွားအိုကို သတ်သည့် တရားခံမှာ ၃ ဈေးအနီးတွင် ဆိုက္ကားနင်းသူ တစ်ဦဖြစ်ကြောင်းသိရသည်။ထို့အပြင်အဘွားအိုအားနေစဉ် ဈေးသွားဈေးပြန် လိုက်ပို့နေသူတစ်ဦးလည်း ဖြစ်သည်။

တရားခံတွင် နေပြန်တိုးဆပ်ရန် အကြွေး ၃ သိန်းကျော်ရှိသဖြင့် သေဆုံးသူ အိပ်ပျော်နေစဉ် စတီးဓါးဖြင့်ထိုးကာ ဆွဲကြိုးကို လုပ်ယက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှသိရသည်။

သေဆုံသွားသည့် အဘွားအိုဒေါ်သန်းသန်းတွင် လည်ပင်းထိုးသွင်း ဒဏ်ရာတစ်ချက်၊လည်ပင်းပြတ်ရှ ဒဏ်ရာတစ်ချက်နှင့် အပေါ်နှုတ်ခမ်း ပြတ်ရှ ဒဏ်ရာတစ်ချက် ရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သာကေတမြိုကနယ်ရဲစခန်းတွင် (ပ) ၂၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ (၃၀၂/၃၉၂) ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်းသိရသည်။

ဖြိုးဖြိုး

Leave a Reply