ဒေါ့မန်တိုက်စစ်မှူး အူဘာမီယန်နှင့် အာဆင်နယ်တို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ရခဲ့ပြီဟု သတင်းများထွက်ပေါ်

0
170

ဇန်န၀ါရီ ၁၅ ၊ ၂၀၁၈

ဒေါ့မန်တိုက်စစ်မှူး အူဘာမီယန်ဟာ အာဆင်နယ်သို့ ပြောင်းရွှေ့ရန်အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုများ ရရှိခဲ့ပြီ ဖြစ်ကြောင်း ဂျာမနီအခြေစိုက် မီဒီယာများက ရေးသားနေကြပါတယ်။
အူဘာမီယန်ဟာ အာဆင်နယ်သို့ ပြောင်းရွှေ့ဖြစ်ခဲ့ပါက ဂျာမနီ ဘွန်ဒက်လီဂါရဲ့ ၀င်ငွေထိပ်တန်း ကစားသမားတစ်ဦး ဖြစ်လာမယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး ဆန်းချက်ဇ်ဟာ လာမယ့် ရက်အနည်းငယ်အတွင်းမှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့တော့မှာ ဖြစ်တဲ့အတွက် အာဆင်နယ်အသင်းဟာ ဈေးကွက်မှာ ရှေ့တန်းတိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေပါတယ်။
အာဆင်နယ်အသင်းဟာ အူဘာမီယန်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကိုသုံးစွဲပြီး ဒေါ့မန်အသင်းထံကနေ ခေါ်ယူနိုင်ဖို့ အချိန်ယူစောင့်ကြည့်နေခဲ့တာ ကြာပါပြီ။ယခုအခါမှာတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရရှိခဲ့ပြီလို့ ဂျာမန်သတင်းစာက ရေးသားထားပါတယ်။

အူဘာမီယန်ဟာ လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက ဒေါ့မန်ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ သူ့ကို ဒေါ့မန်အသင်းမှ စာချုပ်အသစ် ထပ်မံချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက လက်မခံခဲ့ပါဘူး။ သူ့ကို ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ တရုတ်ကလပ်တွေက ပြောင်းရွှေ့ကြေး မြင့်မားစွာနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း အဆိုပါဂဘွန်းနိုင်ငံသားက လက်မခံခဲ့ပါဘူး။သူဟာ ဥရောပရဲ့ နာမည်ကြီး အသင်းတွေမှာ ထွက်ကစားဖို့ အမြဲစိတ်ကူးနေသူသာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အူဘာမီယန်အတွက် ပထမဦးစားပေးရွေးချယ် မှုတော့ မဟုတ်ခဲ့ပါဘူး။ ပရီးမီးယား လိဂ်မှာ ကစားလိုတဲ့ သူ့အတွက် ဆန်းချက်အနေနဲ့ အသင်းက ထွက်ခွာချိန်နဲ့ အခါအခွင့်သင့်ခဲ့လို့သာ အာဆင်နယ်ကို သူရွေးချယ်လိုက်ခြင်း ဖြစ်ပါတယ်။

အူဘာမီယန်ဟာ ယခုနှစ်ဂျာမန်အမှတ်ပေးပြိုင်ပွဲမှာ ဒေါ့မန်အတွက် ၂၃ ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး ၂၁ဂိုးအထိ သွင်းယူပေးထားသူ ဖြစ်ပါတယ်။

NN

Leave a Reply