မႏၲေလး – မတၱရာကားလမ္းမေဘးရွိ တရားမဝင္ ဆီဆုိင္မ်ားဖယ္ရွားသြားမည္

0
100

ေမ ၇
ႏိုင္လင္းဦး

မႏၲေလး – မတၱရာကားလမ္းမေဘးရွိ တရားမဝင္ စက္သံုး ဆီဆုိင္မ်ားအား ဖယ္ရွားသြားမည္ျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီးဝန္ႀကီး လွ်ပ္စစ္စြမ္းအင္ ႏွင့္ ေဆာက္လုပ္ေရး ဝန္ႀကီး ဦးဇာနည္ေအာင္ က ေမလ ၂ ရက္ေန႔က က်င္းပသည့္ လႊတ္ေတာ္အစည္းအေဝးတြင္ ေျပာၾကားခဲ့သည္ ။

ဝန္ႀကီးအေနျဖင့္ မတၱရာၿမိဳ႕နယ္ အမွတ္ (၂) မဲဆႏၵနယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းမင္းမင္း၏ မႏၲေလး – မတၱရာကားလမ္းမေဘးရွိ က်ဴးေက်ာ္ စက္သံုးဆီဆိုင္မ်ားကို ဖယ္ရွားေပးရန္ အစီအစဥ္ရွိ၊ မရွိ သိရွိလိုသည့္ ေမးခြန္းႏွင့္ စပ္လ်ဥ္းသည့္ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္ ။

“ဒီဆီဆိုင္ေတြဟာ ပိတ္ရက္မရွိ၊ အဖမ္းအဆီး မရွိ လမ္းမၾကီးေပၚမွာ ေပၚေပၚတင္တင္ ေရာင္းခ်ေနၿပီးေတာ့ လိုင္စင္မေဆာင္ရပဲနဲ႔ ကုန္သြယ္လုပ္ငန္းခြင္နဲ႔ အျမတ္ခြန္လည္း မေဆာင္ရပဲနဲ႔ အခြင့္အေရး တစ္ခုရသလိုျဖစ္ေနပါတယ္။ တုိင္းျပည္ရဲ႕ အခြန္ေတြ မ်ားစြာနစ္နာေနတာကုိ ေတြ႔ရပါတယ္။ ဒီလမ္းမၾကီးေပၚက ဆီဆုိင္ႀကီး တစ္ဆုိင္ရဲ႕ ေရာင္းအား က မတၱရာ တစ္ၿမိဳ႕လုံးမွာ ဆီဆုိင္ေလးေတြရဲ႕ ေရာင္းအားထက္ သာလြန္ပါတယ္။ အခြန္ေရွာင္ၿပီး တရားဝင္ အခြန္မ်ားစြာ လြတ္ေနတာကုိ ေျပာခ်င္ပါတယ္။ ယွဥ္ၿပိဳင္မႈမွာလည္း တရားဝင္ လိုင္စင္ရွိထားတဲ့ ဆီဆိုင္ေလးေတြက မယွဥ္သာတဲ႔ အေနအထားကုိ ေတြ႔ရပါတယ္။´´ ဟု မတၱရာၿမိဳ႕နယ္ အမွတ္ (၂) မဲဆႏၵနယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းမင္းမင္း က ေျပာသည္ ။

လ်ပ္စစ္ႏွင့္ ေဆာက္လုပ္ေရး ဝန္ၾကီး ဦးဇာနည္ေအာင္
မႏၲေလး – မတၱရာ လမ္းမေဘး လမ္းဦးစီးဌာနပုိင္ လမ္းနယ္နမိတ္ ၄/၀ မွ ၅/၇ အထိ လမ္းေဘးဝဲ၊ ယာအတြင္း ဝင္ေရာက္ က်ဳးေက်ာ္ေနထိုင္ေရာင္းခ်ေနေသာ စက္သုံးဆီဆိုင္ေပါင္း ၂၆ ဆိုင္ရွိေၾကာင္း သိရသည္ ။

ယင္စက္သံုးဆီဆိုင္မ်ားကို ဖယ္ရွားရွင္းလင္းႏုိင္ေရး အတြက္ မႏၲေလး ခရုိင္ လမ္းဦးစီးဌာန က ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ ၁၈ ရက္ေန႔က လမ္းမႀကီးမ်ားဥပေဒအရ တရားစြဲဆိုထားေၾကာင္း ဦးဇာနည္ေအာင္ က ေျပာသည္ ။

၂၀၁၉ ခုႏွစ္ မတ္လ ထဲက ကြင္းဆင္း စစ္ေဆးမႈအရ (၁၅) ဆုိင္ ဖ်က္သိမ္းၿပီး (၁၁) ဆိုင္သာ ဖ်က္သိမ္းရန္က်န္ရွိေနကာ က်န္ရွိေနသည့္ စက္သုံးဆီဆုိင္မ်ားကုိ လမ္းနယ္နိမိတ္အတြင္းမွ ဖယ္ရွားေရး ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္ ။

ထို႔အျပင္ မႏၱေလးတုိင္းအတြင္း တရားမဝင္ စက္သံုးဆီမ်ား ျဖန္႔ျဖဴးေရာင္းခ်မႈကုိ မီးေဘးအႏၱရာယ္ကာကြယ္ႏုိင္ရန္ ႏွင့္ ႏုိင္ငံေတာ္ အခြန္ေငြ မနစ္နာေစရန္ အလို႔ငွာ ေရနံႏွင့္ ေရနံထြက္ပစၥည္းဆုိင္ ျဖန္႔ျဖဴးေရာင္းခ်ေရး ဥပေဒပုဒ္မ ၃၇ အရ ျပင္းထန္ ထိေရာက္စြာ အေရးယူမႈျပဳလုပ္ႏိုင္ေရး တိုင္းေဒသႀကီးအစိုးရ အဖြဲ႔က ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္ ။

မေ ၇
နိုင်လင်းဦး

မန္တလေး – မတ္တရာကားလမ်းမဘေးရှိ တရားမဝင် စက်သုံး ဆီဆိုင်များအား ဖယ်ရှားသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဝန်ကြီး လျှပ်စစ်စွမ်းအင် နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင် က မေလ ၂ ရက်နေ့က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည် ။

ဝန်ကြီးအနေဖြင့် မတ္တရာမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းမင်း၏ မန္တလေး – မတ္တရာကားလမ်းမဘေးရှိ ကျူးကျော် စက်သုံးဆီဆိုင်များကို ဖယ်ရှားပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသည့် မေးခွန်းနှင့် စပ်လျဉ်းသည့် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည် ။

“ဒီဆီဆိုင်တွေဟာ ပိတ်ရက်မရှိ၊ အဖမ်းအဆီး မရှိ လမ်းမကြီးပေါ်မှာ ပေါ်ပေါ်တင်တင် ရောင်းချနေပြီးတော့ လိုင်စင်မဆောင်ရပဲနဲ့ ကုန်သွယ်လုပ်ငန်းခွင်နဲ့ အမြတ်ခွန်လည်း မဆောင်ရပဲနဲ့ အခွင့်အရေး တစ်ခုရသလိုဖြစ်နေပါတယ်။ တိုင်းပြည်ရဲ့ အခွန်တွေ များစွာနစ်နာနေတာကို တွေ့ရပါတယ်။ ဒီလမ်းမကြီးပေါ်က ဆီဆိုင်ကြီး တစ်ဆိုင်ရဲ့ ရောင်းအား က မတ္တရာ တစ်မြို့လုံးမှာ ဆီဆိုင်လေးတွေရဲ့ ရောင်းအားထက် သာလွန်ပါတယ်။ အခွန်ရှောင်ပြီး တရားဝင် အခွန်များစွာ လွတ်နေတာကို ပြောချင်ပါတယ်။ ယှဉ်ပြိုင်မှုမှာလည်း တရားဝင် လိုင်စင်ရှိထားတဲ့ ဆီဆိုင်လေးတွေက မယှဉ်သာတဲ့ အနေအထားကို တွေ့ရပါတယ်။´´ ဟု မတ္တရာမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းမင်း က ပြောသည် ။

လျပ်စစ်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်
မန္တလေး – မတ္တရာ လမ်းမဘေး လမ်းဦးစီးဌာနပိုင် လမ်းနယ်နမိတ် ၄/၀ မှ ၅/၇ အထိ လမ်းဘေးဝဲ၊ ယာအတွင်း ဝင်ရောက် ကျုးကျော်နေထိုင်ရောင်းချနေသော စက်သုံးဆီဆိုင်ပေါင်း ၂၆ ဆိုင်ရှိကြောင်း သိရသည် ။

ယင်စက်သုံးဆီဆိုင်များကို ဖယ်ရှားရှင်းလင်းနိုင်ရေး အတွက် မန္တလေး ခရိုင် လမ်းဦးစီးဌာန က ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က လမ်းမကြီးများဥပဒေအရ တရားစွဲဆိုထားကြောင်း ဦးဇာနည်အောင် က ပြောသည် ။

၂၀၁၉ ခုနှစ် မတ်လ ထဲက ကွင်းဆင်း စစ်ဆေးမှုအရ (၁၅) ဆိုင် ဖျက်သိမ်းပြီး (၁၁) ဆိုင်သာ ဖျက်သိမ်းရန်ကျန်ရှိနေကာ ကျန်ရှိနေသည့် စက်သုံးဆီဆိုင်များကို လမ်းနယ်နိမိတ်အတွင်းမှ ဖယ်ရှားရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည် ။

ထို့အပြင် မန္တလေးတိုင်းအတွင်း တရားမဝင် စက်သုံးဆီများ ဖြန့်ဖြူးရောင်းချမှုကို မီးဘေးအန္တရာယ်ကာကွယ်နိုင်ရန် နှင့် နိုင်ငံတော် အခွန်ငွေ မနစ်နာစေရန် အလို့ငှာ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင် ဖြန့်ဖြူးရောင်းချရေး ဥပဒေပုဒ်မ ၃၇ အရ ပြင်းထန် ထိရောက်စွာ အရေးယူမှုပြုလုပ်နိုင်ရေး တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။

Leave a Reply